Posts

Showing posts from December, 2024

'' လွမ်းစကြိုး •••ရှည် ''

Image
  ''  လွမ်းစကြိုး •••ရှည်  '' စိတ်ကူးဖြေဖျောက် မပျောက်မပျက် လွမ်းရဲ့ရက်ရှည် မျက်ရည် ရည်လူး နွေအကူးမှာ မေ့သူခြွေရက် ရင်ဆတ်ဆတ်ခါ အနာတရ ကြွေမွအသည်း ရင်ခွင်ကွဲစေ မပြေအလွမ်း တသနမ်း၍ အလွမ်းဖြေဖျောက် မျက်ရည်ပေါက်ကွဲ တစ်ယောက်ထဲနေ မှောင်မဲနွေလမ်း သေခန်းကိုအပ် ဘဝတစ်သက် ရေရှည်ဆက်၍ လွမ်းနေမယ် ••••••။   ။                                   နေမီး