အခန်း-၂ 💘ကန္တာရ..ဆောင်း💘
(ဖတ်မရသူတွေအတွက် အောက်မှာ ဖတ်လို့ရအောင်လုပ်ပေးထားပါတယ် ) အခန်း-၂ 💘ကန္တာရ..ဆောင်း💘 သူမမျက်နှာလေးကိုငေးကြည့်နေပေမယ့် သူမကို ငေးကြည့်နေသည်ဟုတော့ နှင်းယုခိုင်က သိလိမ့် မည်မဟုတ်ပါ။ ကျွန်တော်ထိုင်နေသော ကွမ်းယာဆိုင် နံဘေး အုတ်ခုံလေးက သူမအလုပ်သွားတိုင်း ပြန်မျှော်ငေးနေလို့ ကောင်းသောနေရာပင်ဖြစ်ပါ သည်။ အချစ်ဟုရင်ထဲမှာ အမည်တပ်ထွေးပွေ့သိုဝှက်ထားပါလျက် အချစ်ရဲ့ရင်ခုန်နက်ရှိုင်းစအခြေအနေကို ကျွန်တော်ထိန်းညှိတည့်မတ်နိုင်မလားဆိုသည်ကို ကျွန်တော်ကိုယ်တိုင်ပင် ခန့်မှန်းတွက်စလို့မရနိုင် အောင် ရင်တုန်လွန်းနေပါ၏။ သူမရဲ့ အလှဆုံးအချိန်အခါများမှာ ကျရူံးရသူကိုယ်တိုင်က ကျွန်တော်ဖြစ်နေရမှာကို စိုးရိမ်မိပါသည်။ သူမနာမည်က နှင်းယုခိုင်တဲ့ ကျွန်တော်အတွက် "နှင်းဆိုတဲ့ နာမည်လေးက အေးမြ၊ရင်ပူရသောအခိုက်အတန့်မှာ အပူသစ်ရွက်တွေကြွေသော ဆောင်းမည်တဲ့ ပုံသဏ္ဍာန်လေးထံ မင်းပါလားလို့ အညတရသဖွယ် ဦးညွှတ်တောင်းခံ ပန်တော်ခွင့်အချစ်အတွက် ကျေးကျွန်အဖြစ် ခံစားမြေကျရမယ့် အခိုင်းခံရင်နင့်ဖွယ် ငယ်ကျွန်ဘဝ " နှင်းယုခိုင်နဲ့ ပက်သက်သောအရာအားလုံး နှင်းယုခိုင်ရဲ့နေမှုစားမ...