Posts

အခန်း ( ၃ ) ကန္တာရ..ဆောင်း

Image
    (ဖတ်မရသူတွေအတွက် အောက်မှာ ဖတ်လို့ရအောင်လုပ်ပေးထားပါတယ် ) အခန်း ( ၃ ) ကန္တာရ..ဆောင်း              ကားကိုဆီထည့်အပြီး လမ်းထဲဘက်မောင်း လာစဉ် အရက်အေးဂျင့်ဆိုင်တစ်ဆိုင်ကိုတွေ့တော့ ကားကို ရပ်ပစ်လိုက်မိသည်။ ကျွန်တော်ဘာဖြစ်လို့ ဒီနေရာမှာ ကားကိုရပ်ပစ်လိုက်သည်ဟု ကိုယ့်ကိုယ်ကိုသိနေပါသည်။  တစ်ခါတလေတော့ မမျှော်လင့်ပဲ ရောက်လာတဲ့ရင်ထဲက အနာကို ပယင်းရည်နဲ့ ဆေးပစ်မည်ဟု ရူးရူးမိုက်မိုက်တွေးလိုက်မိသည်။  သူငယ်ချင်းအပေါင်းအသင်းတွေနဲ့  စက်ရုံံဝန်ထမ်းရောင်းမောင်းကားသမား ဘဝတုန်းက ပျော်သည်လည်းမဟုတ် ဝမ်းနည်းသည်လည်းမဟုတ် လူငယ်တွေရဲ့ အပျော်တမ်းလုပ်သလိုမျိုး အရက်သေရည်များကို တော်တော်များများသောက်မိခဲ့ဖူးသည်။ ယခုကားလေးတစ်စီးဝယ်ပြီး အိမ်လုံးကျဉ်းလေး ငှါးကာ taxiသမားဘဝကိုရောက်ဖြစ်ခဲ့တော့ အရင် လိုသူငယ်ချင်းတွေနဲ့ မဆုံဖြစ်ကြတာက တစ်ကြောင်းလူကြီးဆန်သွားပြီး ရင့်ကျက်လာသည်ကတစ်ကြောင်းတို့ကြောင့် အရင်လိုအရက်သေစာများ နှင့်ကင်းကွာခဲ့သည်မှာ လေးငါးနှစ်လောက်ပင် ကြာခဲ့ပြီဖြစ်သည်။  မသောက်တော့ဖူးဟု ဆုံးဖြတ်ထား ပေမယ့် ရင်ထဲမှာပြင်းပြင်းရှရှခံစားနေရသောဝေဒနာကြီးကို မူးရစ်...

အခန်း-၂ 💘ကန္တာရ..ဆောင်း💘

Image
  (ဖတ်မရသူတွေအတွက် အောက်မှာ ဖတ်လို့ရအောင်လုပ်ပေးထားပါတယ် ) အခန်း-၂ 💘ကန္တာရ..ဆောင်း💘 သူမမျက်နှာလေးကိုငေးကြည့်နေပေမယ့် သူမကို ငေးကြည့်နေသည်ဟုတော့ နှင်းယုခိုင်က သိလိမ့် မည်မဟုတ်ပါ။  ကျွန်တော်ထိုင်နေသော ကွမ်းယာဆိုင် နံဘေး အုတ်ခုံလေးက  သူမအလုပ်သွားတိုင်း ပြန်မျှော်ငေးနေလို့ ကောင်းသောနေရာပင်ဖြစ်ပါ သည်။ အချစ်ဟုရင်ထဲမှာ အမည်တပ်ထွေးပွေ့သိုဝှက်ထားပါလျက် အချစ်ရဲ့ရင်ခုန်နက်ရှိုင်းစအခြေအနေကို ကျွန်တော်ထိန်းညှိတည့်မတ်နိုင်မလားဆိုသည်ကို ကျွန်တော်ကိုယ်တိုင်ပင် ခန့်မှန်းတွက်စလို့မရနိုင် အောင် ရင်တုန်လွန်းနေပါ၏။  သူမရဲ့ အလှဆုံးအချိန်အခါများမှာ ကျရူံးရသူကိုယ်တိုင်က ကျွန်တော်ဖြစ်နေရမှာကို  စိုးရိမ်မိပါသည်။ သူမနာမည်က နှင်းယုခိုင်တဲ့ ကျွန်တော်အတွက်  "နှင်းဆိုတဲ့ နာမည်လေးက အေးမြ၊ရင်ပူရသောအခိုက်အတန့်မှာ  အပူသစ်ရွက်တွေကြွေသော ဆောင်းမည်တဲ့   ပုံသဏ္ဍာန်လေးထံ မင်းပါလားလို့ အညတရသဖွယ် ဦးညွှတ်တောင်းခံ  ပန်တော်ခွင့်အချစ်အတွက်  ကျေးကျွန်အဖြစ် ခံစားမြေကျရမယ့်  အခိုင်းခံရင်နင့်ဖွယ် ငယ်ကျွန်ဘဝ " နှင်းယုခိုင်နဲ့ ပက်သက်သောအရာအားလုံး  နှင်းယုခိုင်ရဲ့နေမှုစားမ...

" ကန္တာရ....ဆောင်း " ( အခန်း-၁ )

Image
    (ဖတ်မရသူတွေအတွက် အောက်မှာ ဖတ်လို့ရအောင်လုပ်ပေးထားပါတယ် ) " ကန်တာရ....ဆောင်း "   ( အခန်း-၁ )   *နှင်းယုခိုင်က ကျွန်တော့်ရဲ့ပြောဟန်ဆိုဟန်တွေ ကျွန်တော့်ရဲ့မိန်းကလေးတစ်ယောက်အပေါ်ကြွေကျသက်ဆင်းလောက်အောင်  ပြောတတ်ဆိုတက်သော စကားအသုံးအနှုန်းတွေကို မရုန်းနိုင်လောက်အောင် တွယ်တာနစ်မျောနေပေမယ့် ကျွန်တော်သူမကို  တကယ်ချစ်ခဲ့တာ မဟုတ်ပါဘူး *  *သူမကကျွန်တော့်ထံ  မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် သူ့ဘက်ကစပြီးစိတ်ဝင်စားနေသည်ဟု  ကျွန်တော်အလိုလို သိနေခဲ့သည်..။ ယခုလိုဖြစ်အောင်လည်း ကျွန်တော့်ဘက်က တမင်တကာဖန်တီးခဲ့ခြင်း ဖြစ်သည်ဆိုတာကိုတော့ သူမ ဘာမှမသိခဲ့ပါ..။  အမှန်မှာတော့ သူမရိုးရိုးလေးအလိမ်ခံရခြင်းဖြစ်ပါသည်။ သူမရဲ့နှလုံးသားကို  ပါးပါးနပ်နပ်လေးလိမ်လည်ဖျားယောင်းနေသူက ကျွန်တော်ကိုယ်တိုင်ပင်ဖြစ်သည်..။ " "ကိုရန်ကြီး ကျွန်တော်အမှားကြီးတစ်ခုလုပ်မိလိုက် သလို ခံစားနေရတယ်ဗျာ.."  ပေါက်စလို့ကျွန်တော်ခေါ်သော ကျွန်တော်အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်က သူ့အဖြစ်အပျက်ကို ပြန်ပြင်လို့မရတဲ့ အမှားတစ်ခုကို လုပ်မိလိုက်သလို  ကျွန်တော့်ထံ ရင်ဖွင့်ပြောပြလာသည် ။  တကယ်တော...