" ကန္တာရ....ဆောင်း " ( အခန်း-၁ )


 

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


" ကန္တာရ....ဆောင်း "

  ( အခန်း-၁ )


  *နှင်းယုခိုင်က ကျွန်တော့်ရဲ့ပြောဟန်ဆိုဟန်တွေ ကျွန်တော့်ရဲ့မိန်းကလေးတစ်ယောက်အပေါ်ကြွေကျသက်ဆင်းလောက်အောင်

 ပြောတတ်ဆိုတက်သော

စကားအသုံးအနှုန်းတွေကို မရုန်းနိုင်လောက်အောင်

တွယ်တာနစ်မျောနေပေမယ့် ကျွန်တော်သူမကို

 တကယ်ချစ်ခဲ့တာ မဟုတ်ပါဘူး *


 *သူမကကျွန်တော့်ထံ 

မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့်

သူ့ဘက်ကစပြီးစိတ်ဝင်စားနေသည်ဟု 

ကျွန်တော်အလိုလို သိနေခဲ့သည်..။

ယခုလိုဖြစ်အောင်လည်း

ကျွန်တော့်ဘက်က တမင်တကာဖန်တီးခဲ့ခြင်း

ဖြစ်သည်ဆိုတာကိုတော့ သူမ ဘာမှမသိခဲ့ပါ..။

 အမှန်မှာတော့

သူမရိုးရိုးလေးအလိမ်ခံရခြင်းဖြစ်ပါသည်။

သူမရဲ့နှလုံးသားကို

 ပါးပါးနပ်နပ်လေးလိမ်လည်ဖျားယောင်းနေသူက ကျွန်တော်ကိုယ်တိုင်ပင်ဖြစ်သည်..။ "


"ကိုရန်ကြီး ကျွန်တော်အမှားကြီးတစ်ခုလုပ်မိလိုက်

သလို ခံစားနေရတယ်ဗျာ.."


 ပေါက်စလို့ကျွန်တော်ခေါ်သော

ကျွန်တော်အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်က သူ့အဖြစ်အပျက်ကို ပြန်ပြင်လို့မရတဲ့

အမှားတစ်ခုကို လုပ်မိလိုက်သလို

 ကျွန်တော့်ထံ ရင်ဖွင့်ပြောပြလာသည် ။


 တကယ်တော့ ရင်ဖွင့်ခြင်းထက်ပိုသော ခံစားချက်

တစ်ခုဟု ကျွန်တော်သိမြင်ခဲ့သည်။

ပေါက်စကမျက်ရည်များဝဲလျက်..


"ကျွန်တော်ချစ်တဲ့မိန်းမတစ်ယောက်ရဲ့

စွန့်လွှတ်မူကို မခံနိုင်လို့ရုတ်တရက် 

ပေါက်ကွဲသလိုဖြစ်သွားမိတာပါ အဲ့ဒီနေ့က

သူကျွန်တော့်ကို အဆက်ဖြတ်ခဲ့တယ် "


 "မင်းကို သူကဖျတ်လိုက်တာလား 

မင်းဘာအပြစ်တွေလုပ်ထားလို့လဲ.."


"အပြစ်လုပ်ဖို့မပြောနဲ့ ချစ်လို့

တောင်မဝလို့ အရာရာအလိုလိုက်

အကြိုက်ဆောင်ခဲ့တာ

 ကျွန်တော်သူ့ကိုမြတ်မြတ်နိုးနိုး လုပ်ပေး

မိခဲ့တာပါ..."


"ဒါဆို မင်းကောင်မလေးက သူ့စိတ်နဲ့သူ

လုပ်ချင်သလိုလုပ်လိုက်တဲ့သဘောလား"


" ကျွန်တော်မတွေးတတ်တော့ပေမယ့် 

အဲ့လိုသဘောသက်ရောက်နေတာတော့ အမှန်ပဲ ကျွန်တော်ဘယ်လိုမှ မခံစားနိုင်

ဘူးကိုရန်ကြီးရယ် သွားလည်းသူ့စိတ် 

အိပ်လည်းသူ့စိတ် ဘာလုပ်လုပ်

သူ့စိတ်ကြီးဖြစ်နေတော့ ကျွန်တော်နေလို့မရဘူး

နေလို့လည်််််းမကောင်းဘူး "


 "အခုလိုငါ့ကို ပြောပြနေတော့ မင်းအတွက်

ဘာထူးမှာမို့လို့လဲ"


" ကျွန်တော်ခံစားရတာတွေက ရင်ထဲမှာ

ပြည့်သိပ်နေတာ ရင်နဲ့မဆန့်တော့ဘူးဗျ

 ကိုရန်ကြီးကို ခုလိုပြောပြရင်ဖွင့်မိတော့

ဝေဒနာတစ်ရပ် လျော့ပါးသွားသလို

ရင်နည်းနည်းချောင်သွားသလို ခံစားရတာပေါ့ "

 

"မင်းဘာလုပ်မယ်လို့စိတ်ကူးထားလဲ"


" ကျွန်တော်သူ့ကိုလိုက်တောင်းပန်ချင်တယ် "


"သူကမင်းကို တွေ့ခွင့်ပေးလို့လား "


ပေါက်စကကျွန်တော့်ကိုခေါင်းယမ်းပြသည်။


"သူကျွန်တော့်ကို အတွေ့မခံဘူးအကို "


"မင်းကိုမချစ်လို့ပစ်လိုက်တဲ့မိန်းမတစ်ယောက်ကို မင်းကဘယ်လိုအပြစ်ရှိပါတယ်လို့ပြောပြီး တောင်းပန်ချင်တာလဲ "


"မချစ်တော့ဘူး မပက်သက်ချင်တော့ဘူးလို့

ကျောခိုင်းသွားတဲ့ မိန်းမတစ်ယောက်ကို 

ဘယ်လိုတောင်းပန်မှုမျိုးနဲ့

 အောက်ကျနောက်ကျခံဖို့ စဉ်းစားနေတာလဲ"


" ကျွန်တော်သူ့ကိုအရမ်းချစ်တယ် 

ကိုရန်ကြီးရာ သူဘာလုပ်လုပ် ကျွန်တော်

အပြစ်မမြင်နိုင်ဘူး"


 ကျွန်တော်ပေါက်စမျက်နှာကို ကြည့်ပြီးမဲ့

ပြုံးပြလိုက်မိသည်။

မင်းကသေလူပဲ အချစ်တစ်ခုတည်းနဲ့

သေနေတဲ့လူ ။


"ကိုရန်ကြီး ပြောချင်သလိုပြောပါဗျာ 

ကျွန်တော်ခံစားနေရတာ ကျွန်တော်ပဲသိပါတယ်.. ကျွန်တော်မနေနိုင်လွန်းလို့ပါအကိုရာ "


"သူတောင်နေနိုင်သေးတာပဲ ကိုယ်ကယောကျ်ား

မနေနိုင်ရင် နောက်တစ်ယောက်

ထပ်ချစ်ပစ်လိုက်ပေါ့ သူ့အပေါ်ဖြစ်နေတဲ့ 

စိတ်တွေတစ်ခြားတစ်ယောက်ရဲ့ 

ရင်ထဲကိုထည့်ပေးလိုက် 

မင်းနေတတ်သွားလိမ့်မယ် "


"မဖြစ်နိုင်တော့ဘူးအကို ကျွန်တော်သူ့ကိုပဲ 

ချစ်တယ်ကျွန်တော့်အချစ်က ပြောင်းရွှေ့

စိုက်ပျိုးလို့မရတော့ဘူး 

သူ့ကိုပဲတစ်သက်လုံးချစ်မှာအကို "


ထိုနေ့က ကျွန်တော်သူနဲ့ထိုင်နေသော 

လက္ဖက်ရည်ဆိုင်လေးဆီကအပြန်မှာ 

ပေါက်စအကြောင်းကိုတွေးပြီး နည်းနည်းလေး

ပြုံးမိလိုက်သည်။ မှတ်ချက်တစ်ခုလည်း

သူအပေါ်ပေးလိုက်မိ၏။

*တော်တော်ချစ်တတ်တဲ့ကောင် *


နောက်နှစ်ရက်လောက်မှာ

ပေါက်စကျွန်တော့်ထံဖုန်းလှမ်းဆက်သည်။


" ကိုရန်ကြီး ကျွန်တော့်ဆီလာခဲ့ပါအုံးဗျာ 

ကျွန်တော်တော့ ကိုယ့်ကိုကိုယ်

သတ်သေချင်တာပဲသိတော့တယ်

 ကျွန်တော့်အသက်ကိုမသေစေချင်သေးဘူးဆိုရင် ကိုရန်ကြီးကျွန်တော့်ဆီ အမြန်လာခဲ့ပါ "


ဘာတွေဖြစ်နေပြီလည်းဆိုတာ သေသေချာချာ

မသိရပေမယ့် အသက်နဲ့ပါရင်းမယ့်စကားလုံးတွေ သုံးနှုန်းလာတော့ ကျွန်တော်လည်းသူ့ဆီကို ချက်ချင်းပင်အမြန်ဆုံးရောက်အောင်

 သွားခဲ့ပါသည် ။

ပေါက်စကကျွန်တော်အလာကို သူ့တို့လမ်းထိပ်မှ ကြိုပြီးစောင့်နေသည် ။ လမ်းထိပ်ကလက္ဖက်ရည်ဆိုင်လေးတစ်ခုမှာပဲ ကျွန်တော်နဲ့ပေါက်စမျက်နှာချင်းဆိုင် ယှဉ်လျက်ထိုင်လိုက်ကြသည်"


"ပြော.. ဘာပြသနာတွေဖြစ်နေလို့လဲ"


"ကျွန်တော်မိန်းမခိုးလာလို့အကို"


 ထိုစကားက ကျွန်တော့်ကိုတော်တော်လေး

အံဩသွားစေခဲ့ပါသည်။


"ဒါပေမယ့် ကျွန်တော့်ချစ်သူနှင်းယုခိုင်တော့

 မဟုတ်ဘူး တခြားတစ်ယောက်"


ပြောရင်းပေါက်စငိုသံပါလာသည် ။

ကျွန်တော်လည်း ဘာဆက်ပြောလို့ ပြောရမှန်းပင်ကိုယ့်ကိုကိုယ် မသိနိုင်ဖြစ်နေမိ၏။


"အဲ့ဒါ နှင်းယုခိုင်ကျွန်တော့်ကို 

ရက်စက်လို့ဖြစ်ရတာ"


 ကျွန်တော်ပေါက်စရဲ့စကားတွေကို 

ရင်နင့်ခံစားပြီး နားထောင်နေမိသည်"


"ကျွန်တော်သူနဲ့တွေ့ခွင့်မရလို့ 

သူ့အိမ်ကိုစုံစမ်းပြီး လိုက်သွားတာ

 သူ့အိမ်ရှေ့ရောက်တော့ ကျွန်တော်သူ့နာမည်ကို လှမ်းခေါ်မိတယ်..

 ရဲဆေးတင်တဲ့အနေနဲ့ ကျွန်တော်

နည်းနည်းသောက်သွားမိတယ်အကို

ကျွန်တော်အတော်လေးမှားသွားတာပါ 

သူ့အိမ်ရှေ့မှာသူ့ကို အရှက်လာခွဲရမလားဆိုပြီး

 သူအကို၊အဖေနဲ့အမေရှေ့မှာ ကျွန်တော့်ကို 

သူပါးရိုက်လိုက်တယ် "

****

"ကျွန်တော်သူ့ကို စိတ်လည်းနာတယ်

 ဒါပေမယ့် ချစ်တဲ့စိတ်ကလည်း

 စူးအောင့်နေအောင်သူ့အပေါ်ဖြစ်နေမိပြန်တယ်..အဲ့ဒါနဲ့ ကျွန်တော်ရှက်ရှက်နဲ့

အရက်ဆိုင်တစ်ဆိုင်ထဲမှာ 

အခြားသူငယ်ချင်းတွေနဲ့ အတူ

ထိုင်ဖြစ်တယ်.. သူတို့ရဲ့အကြံပေးမှု

ဝိုင်းဝန်းနှိုးဆော်မှုတွေကြောင့်

ကျွန်တော်မချစ်တဲ့မိန်းမတစ်ယောက်ကို

 စကားစပြောမိရင်း ရင်းနှီးလာတော့ 

သူကလိုက်မယ်ပြောတာနဲ့ 

ကျွန်တော်ခိုးလာဖြစ်တယ် အကိုရာ.."


"ကျွန်တော်ခိုးလာတဲ့ကောင်မလေးကို 

ကျွန်တော်လုံးဝမချစ်ဘူး 

သူလည်းကျွန်တော့်ကို ချစ်မှာမဟုတ်ဘူးဆိုတာ

သိတယ် နောက်ပြီး သူက (....) KTV မှာ

အလုပ်လုပ်တယ်..

 ဘဲလည်းရှုပ်တယ်..

 နည်းနည်းပွေတဲ့မိန်််််းကလေးမျိုး.."


"..ဒါဆို...မင်းရဲ့နှင်းယုခိုင်ကရော"


"သူကတော့ မသိဘူးအကို..

 ကျွန်တော်သိတာ သူ့ကို

မြတ်မြတ်နိုးနိုးသိပ့်ချစ်တာပဲ သိတယ် "


"ငါစုံံစမ်းရသလောက်တော့ မင်းရဲ့ချစ်သူ

နှင်းယုခိုင်မှာနောက်တစ်ယောက်ရှိနေပြီဆိုတာပဲ

 သူမင်းကို မချစ်လို့မဟုတ်ဘူး 

ချစ်လို့လည်းမဟုတ်ဘူး 

နောက်တစ်ယောက်ထားချင်လို့ မင်းကို 

 ပစ်သွားတာ

သူကမှ တကယ့်မိန်းမလည်.."


ပေါက်စက ငိုနေပါသည်။


"ကျွန်တော်ဘာတွေဆက်လုပ်ရမလဲ အစ်ကို"


"ဘာမှလုပ်စရာမလိုတော့ဘူး 

အခုခိုးပြေးလာတဲ့မိန်းကလေးကိုပဲ

 မိသားဖသားပီပီ လက်ထပ်ဖို့ပဲရှိတော့တယ်

အဲ့ဒါကပဲ မင်းရဲ့ရေစက် မင်းရဲ့ကံကြမ္မာ

မင်းဖန်တီးတဲ့ဘဝပဲ "


"ကျွန်တော်ပြန်ပြင်ဆင်လို့မရတော့ဘူးလား

အစ်ကိုရာ"


"ရနိုင်တဲ့အရာကို လက်ဆုပ်လက်ကိုင်မိနေပါလျက်

ပြန်ပြင်ဆင်ချင်သေးရင်

 ကိုယ့်စိတ်ကိုယ်နိုင်အောင်

အရင်ကြိုးစားထားရတယ်ကွ

 ခုမှတော့ မင်းအပြစ်နဲ့မင်း မင်းထိုက်နဲ့မင်းကံပေါ့ ကြုံလာမယ့်အရာတွေကို အကောင်းဆုံး

ရင်ဆိုင်နိုင်အောင်ပဲ မင်းကြိုးစားရတော့မယ် 

အဲ့ဒါကိုပဲ မင်းခေါင်းထဲမှာထည့်ထားပေတော့"


" ကျွန်တော် နှင်းယုခိုင်ကို ချစ်နေသေးတယ်"


"

အေး..အဲ့ဒါဆိုလည်း မင်းကိုယ်မင်း 

လဲသေလိုက်ရုံပေါ့ကွာ..."


#####  ##### ##### #####


ပေါက်စ အရက်ဆိုင်မှာ ရန်ဖြစ်လို့ဟု 

ကျွန်တော်ကြားခဲ့ရသည်။

  အဲ့ဒါက မနေ့က အဖြစ်အပျက်..

ယခုလည်း ထိုအရက်ဆိုင်မှာပင်

အရက်သောက်နေသည်ဟု 

ကျွန်တော်သတင်းထပ်မံရသဖြင့် 

သူ့ကိုအခြားကောင်တွေဝိုင်းမရိုက်ခင်

 ကျွန်တော် ပေါက်စရှိတဲ့နေရာကို 

အမြန်ရောက်အောင်သွားဖြစ်ခဲ့ပါသည်။


အရက်ဆိုင်အတွင်းမှာ ဆူညံသောအသံများက 

နေရာအနှံ့ ရီဝေလွင့်မျောနေကြသော 

လူများရဲ့နှုတ်ခမ်းဖျားကိုယ်ဆီမှ  

 ပြသနာပေါင်းစုံကိုယ်စားပြုလျက်

 အစီအစဉ်မကျစွာ ထွက်ပေါ်နေပါသည်။


"ပေါက်စ !!"


ကျွန်တော်မျက်နှာတည်တည်တင်းတင်းဖြင့်

လှမ်းခေါ်လိုက်သည် ။

ပေါက်စကသောက်လက်စ အရက်ခွက်ကို 

နှုတ်ခမ်းထက်မှ ပြန်ချလျက် 

ကိုရန်ကြီးဟု ဝမ်းနည်းတသာ

 ပြန်ခေါ်လိုက်သည်။


 "ထိုင်လေ"အစ်ကိုဟု အားနာသောလေသံဖြင့် ပေါက်စကျွန်တော့်ထံပြုံးပြလာသည်။

 

"ကျွန်တော်ဒီမှာ သောက်နေတယ်လို့

 ကိုရန်ကြီး ဘယ်လိုသိသွားတာလဲ "


ပတ်ဝန်းကျင်ကို ကျွန်တော်ဝေ့ကြည့်လိုက်သည်။


ကျွန်တော်တို့နှစ်ယောက်ကို 

မျက်စိဒေါက်ထောက်ကြည့်နေသော 

အရက်ဝိုင်းတစ်ဝိုင်းကို သတိထားမိ၏။


" မင်းဒီနေရာမှာ ရှိမနေသင့်ဘူး "


ပေါက်စက ကျွန်တော့်မျက်နှာကို 

မျှော်လင့်ချက်မဲ့သော မျက်နှာအမူအယာဖြင့်

ကြည့်နေသည်။

 

"ကိုရန်ကြီးပြောသလို အရင်ကဆို

ကျွန်တော်ဒီနေရာမှာ ရှိမနေသင့်ဘူးဆိုတာ

 မှန်တယ်..ဒါပေမယ့် အခုအချိန်မှာတော့ 

ဒီနေရာက ကျွန်တော်ရှိကိုရှိနေသင့်တဲ့

 နေရာဆိုတာတော့ ကျွန်တော်မှန်တယ်.."


ပေါက်စရဲ့စကားအသုံးအနှုန်းတွေက 

ရူးကြောင်ကြောင်ဖြစ်နေပေမယ့်

 ရင်ထဲကနာကျင်လွန်းတဲ့ဝေဒနာတွေကိုတော့ အထင်းသားမြင်သာစေနိုင်သော ဝေါဟာရအချို့ဟု ကျွန်တော်ထင်မိသည် ။


"အခုလိုမင်းဒီနေရာမှာ ရှိနေတော့ရော

 မင်းကျူးလွန်မိတဲ့အမှားတွေက မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာသူ့အလိုလို

ပြန်ဖြစ်လာလိမ့်မယ်လို့ မင်းယူစထားလို့လား"


 ပေါက်စကခေါင်းခါသည်။

 သံပရာသီးတစ်စိပ်ကို ဆားလေးအနည်းငယ်တို့ပြီး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။

 မျက်နှာအနည်းငယ် ရှုံ့သွားတာကို

 မြင်လိုက်ရသည်။


"ချစ်တဲ့သူနဲ့ကွေကွင်းရခြင်း 

မချစ်မနှစ်သက်တဲ့သူနဲ့ပေါင်းဖတ်ရခြင်းဆိုတဲ့ ကဗျာတွေသီချင်းတွေကနားထောင်လို့ပဲ

ကောင်းကြတာပါ ခံစားလို့တော့မကောင်းဘူးဗျ"


"ချစ်ချင်လို့ချစ်ပြီးပြီ ဖြစ်ချင်လို့

ဖြစ်လည်းဖြစ်ပြီးပြီ အသစ်ကပြန်စဖို့ ဆိုရင်

ကိုယ့်ကိုယ်ကို ယောကျ်ားစိတ်မွေးပြီး

ကြံ့ခိုင်နေရမယ်ကွ ကိုယ့်ကိုကိုယ် ပြိုလဲအောင်ဒဏ်ခတ်တဲ့ အဖြစ်မျိုးတွေလုပ်နေရင်

 အဲ့ဒါယောကျ်ားမပီသတာပဲ..

မှားနေတာကို အမှားအတိုင်းထားလိုက်မယ်ဆိုရင် မင်းအမှန်နဲ့ဝေးနေအုံးမှာပဲ...

 နားလည်ဖေးမပေးမယ့်သူရဲ့ စကားတွေကို 

ရိုသေသမူနဲ့ နည်းနည်းလေးတော့ လေးစားဖို့

လိုတယ် ငါက မင်းရဲ့ဝေဒနာတွေကို

မခံစားကိုယ်ချင်းမစာနာလို့ 

ပြောတာမဟုတ်ဘူးနော်မင်းခုလို 

ဖြစ်ချင်သလိုဖြစ်မလာလို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဆင်ကန်းတောတိုးသွားနေမယ်ဆို မင်းဘဝလုံးပါးပါးသွားမှာကို နှမျောလွန်းလို့

 အဲ့ဒီစိတ်နဲ့ မင်းရဲ့အမှားနွံထဲက ရုန်းထွက်ဖို့ ကယ်တင်နေခဲ့တာပါ.."


"ကိုရန်ကြီးရဲ့ စေတနာစကားကို 

ကျွန်တော်အသိအမှတ်ပြုပါတယ် 

အစ်ကို့ကိုလည်းကျွန်တော်ရိုသေပါတယ် 

 ကျွန်တော့်ဘဝက  ဒီလောက်နဲ့ပဲအဆုံးသတ်ဖို့ထိုက်တန်ပါတယ်အကို 

 ဒီဘဝမှာ ဒီဒဏ်ရာတွေသာ ဆက်ရှိနေအုံးမယ်

ဆိုရင် ကျွန်တော်ဒီဘဝမှာဆက်မရှိချင်တော့ဘူး ကျွန်တော်သူနဲ့ပက်သက်လို့

မရတော့မယ့်အတူတူပေါ့ 

ကျွန်တော် နှင်းယုခိုင်ကိုသိပ့်ချစ်တယ်.."


"သိပ့်ချစ်တယ်ဆိုတဲ့စကားတစ်ခုရဲ့ 

လေးနက်မူကိုမင်းသိလား "


ပေါက်စခေါင်းခါသည် ။

ကျွန်တော်ပေါက်စကို မဲ့ပြုံးပြုံးပြလိုက်သည်။

 နှင်းယုခိုင်ကရောမင်းကိုသိပ့်ချစ်တာပဲလား။ ပေါက်စခေါင်းထပ်ခါပြန်သည်။


" မချစ်တာကိုအစစ်လုပ်ပြီး အဖြစ်သဘောနဲ့

ပစ်ပစ်ခါခါပြောသွားလုပ်ရက်သွားတဲ့

 မိန်းမတစ်ယောက်ကို စွဲစွဲလန်းလန်း

သိပ်ချစ်ပါတယ်ဆိုတဲ့ မင်းရဲ့ လေးနက်မှုက

 သူများတွေရဲ့လှောင်ရယ်စရာဖြစ်မနေဘူးလား မင်းက ချစ်တယ်ဆိုတဲ့ စကားလေးကို ရင်ထဲကနေ

အသိမ်မွေ့ဆုံးထုတ်ထုတ်သုံးနေပေမယ့်

 မင်းချစ်တဲ့မင်းချစ်သူနှင်းယုခိုင်ကတော့ 

မင်းရှေ့မှာပဲမဲ့ပြုံးတစ်ချက်နဲ့ 

ရင်ဘက်တည့်တည့်ကို အမုန်းတံဆိပ်

ကပ်သွားခဲ့တယ်ဆိုတာ မင်းမျက်မြင်ကိုယ်တွေ့ခံစားရင်ကျိုးခဲ့ရပြီးပြီလေ 

အဲ့ဒါကိုနာကျင်စရာလို့မတွေးပဲအချစ်ရဲ့ 

လေးနက်မူပါလို့ ကိုယ်ရည်သွေးပြနေရင်တော့ 

မင်းရှုံးခဲ့တာတစ်ကြိမ်တည်းနဲ့ အကြိမ်ကြိမ်

ရှုံးနေသလိုဖြစ်နေပြီ  ကိုယ့်ကိုယ်ကို 

တစ်ခါလောက်တော့ အနိုင်ပြန်ယူဖို့

 မလုပ်ချင်တော့ဘူးလား.."


"ကျွန်တော်သူ့ကိုချစ်မိပြီးကတည်းက 

ကျွန်တော့်ခန္ဓာနဲ့ကျွန်တော့်နှလုံးသားက 

သူကလွဲပြီးဘာမှ မခံစားတတ်တော့ဘူး 

သူ့ဘက်ကနိုင်သွားပေမယ့် ကျွန်တော်ကိုယ်တိုင်က  အရှုံးပေးပြီးသားမို့

 ဘာမှထပ်ဖြစ်တည်စရာမရှိတော့တဲ့ 

ကျွန်တော့်ဘဝမှာ  အမုန်းဒဏ်တွေသာ

သင့်ခဲ့ရတယ် ဒီဝေဒနာဆိုးကနေ

 ကျွန်တော်အမြန်လွတ်မြောက်ပါရစေလား

 ကိုရန်ကြီးရယ်.."


"တန်လို့လားကွာ "


ကျွန်တော်ဝမ်းနည်းသံပါသွားသည်။

မင်းပေးတဲ့အချစ်နဲ့ မင်းရဲ့နှင်းယုခိုင်က

 တန်သေးလို့လား။

 ချစ်ပါတယ်လို့ပြောတဲ့ ရင်ခွင်ကျယ်ကြီးကို

စိတ်ထင်ရာလုပ်ပစ်သွားတဲ့ မိန်းမတစ်ယောက်ရဲ့

 အငွေ့အသက်က မင်းလွတ်အောင်မရုန်းနိုင်တော့ဘူးလား။

 မချစ်နဲ့လို့ မပြောချင်ပေမယ့် ချစ်လို့၊မြတ်နိုးလို့

မရတော့တဲ့အချိန်မှာ ဥပေက္ခာပြုပစ်လိုက်ဖို့တော့

သင့်နေပါပြီ။ 


"မလွမ်းနဲ့လို့တိုက်တွန်းချင်ပေမယ့် 

လွမ်းလို့ရမယ့်အချိန်ကာလမျိုးလည်း 

မဟုတ်တော့ဘူး မတန်ဘူးညီလေးရာ 

မတန်တော့ဘူး

 ခုလိုအလူးအလဲဖြစ်နေတဲ့

လူတစ်ယောက်ရဲ့ လက်ရှိအခြေအနေကို 

ခန္ဓာရဲ့ဖြစ်တည်မူအားလုံးထဲက အချစ်ခံနေရတဲ့

မင်းချစ်သူ နှင်းယုခိုင်က သိတောင်သိရဲ့လား

စာနာဖို့မပြောနဲ့ ကိုယ်ချင်းစားဖို့မပြောနဲ့ 

သူရိတ်သိမ်းလိုက်တဲ့ နာကျင်မှုတွေထဲ 

ရစ်မူးနေတဲ့ကောင်တစ်ကောင်လို့တောင် 

လမ်းတွေ့ရင် မင်််််းနဲ့ပက်သက်ခဲ့ဖူး

ပါတယ်ဆိုတဲ့ မှတ်ဉာဏ်လေးတောင်

 ထားခဲ့မှာမဟုတ်တော့ဘူး ရိုင်းရိုင်းပြောရရင်

 မင်းကိုတွေ့ရင် တံတွေးနဲ့တောင်လှည့်ထွေးမယ့်မိန်းမမဟုတ်ဘူး နာတတ်စမ်းပါ ပေါက်စရာ..

နာကျင်လွန်းလို့ လှုပ်မရဖြစ်နေတဲ့ 

အသည်းနှလုံးကိုမင်းက ဆားနဲ့ထပ်ပက်သလို

ဖြစ်နေပြီ အနာမကျတ်ခင် ငါ့ကိုရက်စက်လိုက်တာပါလားလို့ နှင်းယုခိုင်ကို

ပက်ပက်စက်စက်တွေးပစ်လိုက်စမ်းပါ 

ညီလေးရယ်.."


ပေါက်စ ငိုနေပါသည်။

 ကျွန်တော်လည်းပေါက်စအစား

  ရင်ကြိုးမတတ် ခံစားနေရ၏။


ဝေဒနာတွေကိုဖြေသာစေဖို့ ဆေးတစ်မျိုးသာ 

ချက်ချင်းရမယ်ဆိုရင် 

ဘယ်သောင်ဘယ်ကမ်းဖြစ်ဖြစ် 

ကျွန်တော်လက်ပစ်ပဲကူးရကူးရ 

သွားယူပေးလိုက်ချင်သည်။

 ညီလေးတစ်ယောက်လို ခင်မင်ရတဲ့ 

ပေါက်စအတွက် စာနာရင်နင့်မိနေတာတော့ 

ရင်နဲ့မဆန့်လောက်အောင်ပင် ဖြစ်လို့နေပါသည်။


ပေါက်စကိုအရက်ဆိုင်ထဲမှ ကျွန်တော်တွဲပြီးပြန်ခေါ်

ခဲ့သည် ငိုရှိုက်နေသောယောကျ်ားတစ်ယောက်ရဲ့

ခွန်အားမဲ့မူကို အချစ်ကြောင့်ပါလားဟု ကျွန်တော်

စွဲမြဲစွာ မှတ်ယူထားပစ်လိုက်ပါသည် ။

သူ့အိမ်ကိုဖုန်းဆက်ပြီး ဒီတစ်ညတော့ 

ပေါက်စကို ကျွန်တော့်အိမ်မှာပင်

 သိပ်တော့မည်ဖြစ်ကြောင်း 

ဖုန်းဖြင့်ခွင့်တောင်းလိုက်ပါသည်။ 


မူးရူးပြီး အချစ်ရဲ့ကျရှုံးမှုတွေအောက်မှာ 

အလဲလဲအကွဲကွဲဖြစ်နေရသော

 လူငယ်တစ်ယောက်ရဲ့ ကြေကွဲဝမ်းနည်းမှုကို မျက်မြင်ကိုယ်တွေ့ ခံစားရူမျှော်ခဲ့ရတော့ 

ကျွန်တော့်ရင်ထဲမှာ အချစ်ကိုပင် 

ချစ်ရလွမ်းရမှာအကြောက်ကြီး

 ကြောက်နေခဲ့မိသည်။


 မဖြစ်သင့်တဲ့ဝေဒနာ 

မချစ်သင့်တဲ့လူတစ်ယောက်ကိုမှ စွဲမြဲနက်ရှိုင်းစွာ တွယ်တာမြတ်နိုးမိခြင်းက 

ဘဝရဲ့အစိတ်အပိုင်းတော်တော်များများကို

 ထိခိုက်ပွန်းပဲစေသောအရာဟု

 မှတ်ယူပစ်လိုက်မိပါသည်။

ဘယ်အရာမှမလွမ်းနဲ့ 

ဘယ်တစ်စိမ်းတစ်ယောက်ကိုမှ

 မချစ်မိစေတော့နဲ့ဟု ကိုယ့်ကိုကိုယ်သတိပေး

 တားမြစ်မူကို ယခုအချိန်ကစလို့ 

ကျွန်တော်တားမြစ်ထားလိုက်ပါ၏။

ဘဝမှာဘယ်လိုအခက်အခဲတွေပဲ ကြုံကြုံ

 အချစ်နဲ့တည့်တည့်မတိုးပါရစေနဲ့...။


မနက်မိုးလင်းတော့ ကော်ဖီတစ်ခွက်ကို

ပေါက်စသောက်ဖို့ ကျွန်တော်ပြင်ပေးသည်။ ပေါက်စကအားနာသော အကြည့်ဖြင့် 

ကျွန်တော့်ကိုပြုံးပြ ၏။


"ညကကျွန်တော်အရမ်းမူးသွားတယ်မို့လား

 အကို .."ဟုကျွန်တော့်ကို စကားစသည်။ 


ကျွန်တော်ကခေါင်းညိမ့်ပြီး

"ကော်ဖီလေးတစ်ခွက်သောက်လိုက်အုံး"ဟုပြောပြီး

ဘာစကားမှ ထပ်မပြောတော့ပဲ

 ကားထွက်ဖို့လိုအပ်သောအရာများအတွက်

 ကားထားသောဂိုထောင်လေးဆီသို့သွားပြီး

ကားစစ်ဖို့လုပ်လိုက်သည်။


နာရီဝက်လောက်ကြာတော့ ကော်ဖီ

သောက်နေသောစားပွဲမှာပဲ 

ပေါက်စငူငူကြီးတွေတွေငေးငေးနဲ့ထိုင်နေ

တာကို တွေ့နေရသည် ။


ကျွန်တော်ပြန်ဝင်လာတာကို

သူသတိထားမိဟန်မတူပါ။

 ကျွန်တော်လည်းသူ့ကို ဘာစကားမှမပြောပဲ မီးဖိုချောင်ထဲသို့ဝင်ကာ နံနက်စာအဖြစ် ထမင်းကြော်ဖို့လုပ်သည် ထမင်းကြော်ပြီး

သွားတော့ ပန်ကန်နှစ်ချက်ခွဲထည့်ကာ 

ပေါက်စရှိသောနေရာသို့သွားကာ 

ပေါက်စဘက်သို့ထမင်းကြော်ပန်ကန်ကို 

ပေးလိုက်သည်။


" ညကအစာမရှိတော့မင်းပိုပြီး

အရက်နာကျနေလိမ့်မယ် ကုန်အောင်စားလိုက်.."


ပြောပြီးကျွန်တော်လည်း ထမင်းကြော်ကို 

တစ်ဇွန်းစာနှစ်ဇွန်းစာ ခပ်စားမိစဉ်

ကိုရန်ကြီးဟု ပေါက်စကကျွန်တော့်ကို 

တစ်ခုခုထံခွင့်ပြုပေးစေချင်စိတ်ဖြင့် 

ခေါ်လိုက်သည်။

  ကျွန်တော်က စားလက်စထမင်းကြော်

တစ်ဇွန်းကိုခပ်လျက် ဘာလဲ..ဟု မေးလိုက်၏။


"ကျွန်တော်လိမ္မာတော့မယ် .."


ဗြုန်းသားကြီးဘာအကြောင်းအရင်းမှမရှိပဲ

 ပြောချလိုက်သောပေါက်စရဲ့စကားကြောင့် ကျွန်တော်ကြောင်တောင်တောင် ဖြစ်သွားရသည်။ 


"ဘာလဲပေါက်စရ မင်းကဘာကိုပြောချင်တာလဲ" 


"မချစ်သင့်တော့တဲ့သူ မသက်ဆိုင်တော့ဘူးလို့

 ကန့်သက်ကွာဝေးသွားတဲ့မိန်းမတစ်ယောက်ကို ကျွန်တော့်နှလုံးသားထဲက 

လက်လျော့ပစ်လိုက်တော့မယ်လို့ဆိုလိုတာပါ"


 ကျွန်တော်ပေါက်စရဲ့စကားကို ပြုံးပြီး

ခေါင်းညိမ့်ပြလိုက်သည် ။


"အရင်ကတည်းက မင်းစိတ်ထဲနှလုံးသားထဲမှာ

 ခုလိုအသိစိတ်မျိုးအတွေးမျိုးဖြစ်ပေါ်လာရမှာ နည်းနည်းတောင်နောက်ကျနေပြီ "


ပေါက်စက ကျွန်တော့်ရဲ့စကားကို

 ရီဝေငေးမောနေသောမျက်ဝန်းများဖြင့် 

ကြည့်မြင်လျက်နားထောင်နေလေသည်။


"ကျွန်တော်ကိုရန်ကြီးကို တစ်ခုတော့

အကူအညီတောင်းခံပါရစေ 

ကျွန်တော့်ကိုအဲ့ဒီတစ်ခုလေးကိုတော့ 

ကိုရန်ကြီးလက်ခံပေးပါ 

ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်လို

သဘောမထားပဲ ညီရင်းတစ်ယောက်လို

ခင်တယ်ချစ်တယ်ဆိုရင် ကူညီးပေးပါနော်

ကိုရန်ကြီး.."


"မင်းသာ လိမ္မာမယ်...

ခုလိုမျိုးဘဝပျက်လောက်တဲ့အထိ

ရူးမိုက်ရမ်းကားမှုမျိုးတွေ ထပ်မလုပ်တော့

ပါဘူးဆိုရင် ကိုတက်နိုင်သမျှ 

အစွမ်းကုန်ကူညီဖို့အသင့်ပဲ ညီလေး.."


ကျွန်တော်က ပြုံးပြီးပေါက်စပုခုံးပေါ်သို့ 

လက်ဖြင့်ပုတ်လိုက်သည် ။

ပေါက်စက ညီငယ်တစ်ယောက်ထံ

အကိုတစ်ယောက်ရဲ့နှစ်သိမ်မှုမျိုးဟု

ခံယူလျက် ခေါင်းလေးငုံကိုင်းချလိုက်ပါသည်။


*ပြော..ငါက မင်းကို ဘာတွေကူညီပေးရမလဲ"


" ကိုရန်ကြီးမှာ ရည်စားတွေချစ်သူတွေ

မရှိဘူးဆိုတာ ကျွန်တော်အသိဆုံးပဲလေ

 အဲ့ဒါအမှန်ပဲမို့လား"


 ကျွန်တော်ကပြုံးလျက် ခေါင်းညိမ့်ပြလိုက်သည်။


" အဲ့ဒါတွေနဲ့မပက်သက်ချင်လို့ 

မင်းကိုလည်းခုလို မဖြစ်သင့်တာမဖြစ်အောင်လိုက်လံဟန့်တားနေရတာပေါ့  "


"ဒါဆို ကျွန်တော်ပြောမယ်နော်"


" အေး..ရတယ်..ပြော"


"ကိုရန်ကြီးနှင်းယုခိုင်ကို ကျွန်တော့်အစား

ရည်စားဖြစ်အောင်လုပ်ပေးပါ "


"ဘာ..!!!!"


ကျွန်တော် နားကြားပင် မှားသွားလေသလားဟု

 ထိုစကားသံကို သံသယဖြစ်နေမိသည်။


"  ဟုတ်တယ် ကိုရန်ကြီးနှင်းယုခိုင်ကို 

ကျွန်တော့်အစားချစ်အောင်လုပ်ပေးပါ"


 ကျွန်တော်မကျွမ်းကျင်သော

 ကျွန်တော်မယဉ်ပါးခဲ့သော အရာတစ်ခုထံ

ဦးခိုက်ဖို့ တောင်းဆိုနေသလိုဖြစ်နေသည်ဟုထင်မိသည်။


"ငါက..ဘာဖြစ်လို့ နှင်းယုခိုင်ရဲ့

ရည်းစားဖြစ်အောင်လုပ်ရမှာလဲ

 ဘာဖြစ်လို့ မင်းပက်သက်ခွင့်မရှိတော့တဲ့

မိန်းမတစ်ယောက်နဲ့မှ ငါက ဆက်ပြီး

ပက်သက်ရမှာလဲ ငါငြင်းချင်တယ်

 ငါမလုပ်နိုင်ဘူး...

ပေါက်စ မင်းမချစ်ရတော့တဲ့မိန်းမတစ်ယောက်ကို

ငါမမုန်းရင်တောင် ချစ်လို့ရမှာမဟုတ်ဘူးဆိုတာ မင်းအသိဆုံးဖြစ်မှာပါ..

ဟန်ဆောင်တယ်ဆိုတာ တကယ့်အစစ်နဲ့

တူအောင်လုပ်ရတာ တကယ့်အစစ်က

ရင်ထဲမှာမရှိဘူးဆိုရင်

ငါဘာမှ ဆက်လုပ်လို့မရဘူးပေါက်စ

 ငါဒီတစ်ခုကိုတော့ ကူညီနိုင်မယ်မထင်ဘူး.."


 ပေါက်စက မျက်နှာမကောင်း။

ကျွန်တော်လည်း ကူညီဖို့မဖြစ်နိုင်သောကြောင့်

စိတ်မကောင်းဖြစ်ရသည်။


"ကိုရန်ကြီးမကူညီနိုင်ရင်

 ကျွန်တော်ဒီနေ့အရက်ဆက်သောက်ဖြစ်မယ်

ထင်တယ် "


ကျွန်တော်ဟန့်တားဖို့ ဘာစကားမှမဆိုမိ။


"ကိုရန်ကြီး ကျွန်တော့်ကိုမဟန့်တား

တော့ဘူးလား

 ခုလိုဖြစ်မယ်လို့ ပြောလိုက်တဲ့လူတစ်

ယောက်ရဲ့ရင်ထဲကို ကိုရန်ကြီးနည်းနည်းလေးလောက်ပဲဖြစ်ဖြစ် ဝင်မကြည့်မခံစားပေးနိုင်တော့ဘူးလား.."


"ဝင်ကြည့်ခံစားဖို့ မြင်သိတွေးစရမယ့်

အရာတွေကငါကိုယ်တိုင် ခံစားပေးလို့မှ

မရနိုင်တာ ညီလေးရယ်.."


"ကျွန်တော်နှင်းယုခိုင်ကို အရမ်းချစ်တယ် ကျွန်တော်ခုလိုမပက်သက်ရတော့မယ့်

 အခြေအနေမှာ ကျွန်တော်သိပ်ချစ်တဲ့

 မိန်းကလေးက တစ်ခြားတစ်ယောက်ရဲ့

 ရင်ခွင်ထဲမှာ တစ်ခြားတစ်စုံတစ်ဦးနဲ့ 

ချစ်ကျွမ်းဝင်နေပါတယ်ဆိုတာသာ

 ကျွန်တော်သိလိုက်ရရင် ကျွန်တော်ဆောက်တည်ရာမရပဲ တစ်ခုခု

ဖြစ်သွားလိမ့်မယ်ကိုရန်ကြီး..

ကျွန်တော်ချစ်တဲ့ချစ်သူ ကျွန်တော်တက်မက်မြတ်နိုးတဲ့မိန်းမတစ်ယောက်ကို 

တစ်ခြားတစ်ယောက်ရဲ့ ရင်ခွင်ရိပ်နဲ့စာရင် ကျွန်တော်အစ်ကို့လို တရင်းတနှီး

ချစ်ခင်လေးစားရတဲ့ သူရဲ့ရင်ခွင်မှာပဲ 

စိတ်ချတယ်တကယ်တမ်းပြောရမယ်ဆိုရင်

ကျွန်တော့်ရဲ့အသက်ကိုတောင် ကိုရန်ကြီးကို လိုလိုလားလားပေးအပ်ချင်တာမျိုးပေါ့

 နှင်းယုခိုင်ကို ကျွန်တော်ချစ်တဲ့အချစ်က

 အသက်တမျှပါကိုရန်ကြီးရယ်..

ကိုရန်ကြီးနှင်းယုခိုင်ကို ချစ်အောင်ကြိုးစားပေးပါ"


"တကယ်လို့ သူကလက်မခံရင်ရော "


"သူလက်ခံနိုင်တဲ့အထိကိုရန်ကြီးသူ့ဆီက 

အချစ်ကိုရအောင်ယူပေးပေါ့ "


ပေါက်စရဲ့စကားတွေက ကျွန်တော့်ကို

မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားစေသော

ကိစ္စများပင်ဖြစ်သည် ။

ကျွန်တော်လုပ်နိုင်ပါ့မလားဟု ကိုယ့်ကိုကိုယ်

သံသယဝင်နေမိ၏။


"တကယ်လို့ သူနဲ့ချစ်သူဖြစ်သွားခဲ့ရင်

အဲ့သည့်အချိန်လောက်ကျရင်

ကိုရန်ကြီးသူ့ကိုတကယ်မချစ်ခဲ့ဘူးလို့ထင်ရင် လမ်းခွဲလိုက်လို့ရပါတယ် 

ကျွန်တော်ခွင့်ပြုပါတယ် သူ့ကို

တကယ်ချစ်သွားရင်တော့ ပိုကောင်းတာပေါ့ ကျွန်တော်ပျော်ရတာပေါ့

 ကိုရန်ကြီးတို့မင်္ဂလာဆောင်မှာ

 ကျွန်တော်ကအပျော်ဆုံးလူသားဖြစ်သွားလိမ့်မယ်

ကျွန်တော့်အတွက် အချိန်ကာလတစ်ခုအထိ

 သူ့နံဘေးမှာရှိနေပေးပါ အကိုရယ်

ကျွန်တော်သူကို့ ချစ်နေတုန်းမို့ပါ 

အချိန်ကာလတစ်ခုရောက်သွားရင်

သူ့အကြောင်းတွေ ခဏခဏမပြောဖြစ်တော့တဲ့ အချိန်ကျရင်တော့ ကျွန်တော့်ရဲ့

ဝေဒနာတွေပေါ့ပါးသွားမှာပါ

အဲ့ဒီအချိန်မှာ တကယ်လို့အကိုသူ့နံဘေးမှာ

ရှိမနေပေးချင်တော့ရင်တောင်

ကျွန်တော်ခုလောက်ခံစားရမှာ

မဟုတ်တော့ဘူးလေ"

ကိုရန်ကြီးရယ် ကျွန်တော့်ရဲ့နှလုံးသား

ဝေဒနာတွေအတွက် အချိန်အနည်းငယ်လောက်

သူ့နံဘေးမှာ ရှိနေပေးပြီး ကျွန်တော့်ကို

ကုစားပေးပါ ကျွန်တော်ဘယ်လိုခွင့်ပန်မူမျိုးနဲ့ပဲဖြစ်ဖြစ် အကိုဆီခွင့်ပန်ပါတယ် ကူညီပေးပါနော်.."


နှလုံးသားအခွံလွတ်နဲ့ လူတစ်ယောက်ကိုမှ

လာရောက်ကြည်စယ်သလို 

အချစ်နဲ့မျှားခေါ်ရတယ်လို့။

ဘဝမှာတစ်ခါလောက်တော့ တကယ်

ချစ်ဖူးချင်တာတော့အမှန်ပင် ။

ဒါပေမယ့် ကျွန်တော်ချစ်မယ့်သူက

နှင်းယုခိုင်တော့ မဖြစ်စေခဲ့ချင်တာ တကယ်ပါ။


အချစ်ဦးဟုပြောချင်ပေမယ့် ထိုစကားလုံးမှာ

သူမနှင့်မထိုက်တန်။

 စပြီးချစ်ဖူးခဲ့သည်ဟုသာ ကျွန်တော်

သတ်မှတ်ချင်ပါသည်။

 ချစ်မယ်မုန်းမယ် တွယ်တာမြတ်နိုးမယ်ဆိုသော ဝေါဟာရများကို ရင်ထဲကမပါပဲ

သုံးနှုန်းရတော့မှာမို့ နှင်းယုခိုင်ကိုတော့ 

အားနာမိပါသည်။


 အချစ်တော့ဖြစ်ပါလိမ့်မည်။

ဒါပေမယ့် အချစ်စစ်ဟုတော့

ခေါင်းစဉ်မတက်ချင်တော့ဘူး....နှင်းယုခိုင်...။


အခန်း(၂)ဆက်ရန်..

စာရေးသူ..နေမီး


❤️❤️❤️❤️❤️


(နှင်းယုခိုင်နဲ့ရန်ပိုင်စိုးရဲ့ဇာတ်လမ်း

ဘာဆက်ဖြစ်မလဲ...)


ဖတ်ရှုအားပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို

ကျေးဇူးအထူးတင်ရှိပါတယ်။


=========================================================================



" ကႏၲာရ....ေဆာင္း "

  ( အခန္း-၁ )


  *ႏွင္းယုခိုင္က ကၽြန္ေတာ့္ရဲ့ေျပာဟန္ဆိုဟန္ေတြ ကၽြန္ေတာ့္ရဲ့မိန္းကေလးတစ္ေယာက္အေပၚႂကြေက်သက္ဆင္းေလာက္ေအာင္

 ေျပာတတ္ဆိုတက္ေသာ

စကားအသံုးအႏႈန္းေတြကို မရုန္းႏိုင္ေလာက္ေအာင္

တြယ္တာနစ္ေမ်ာေနေပမယ့္ ကၽြန္ေတာ္သူမကို

 တကယ္ခ်စ္ခဲ့တာ မဟုတ္ပါဘူး *


 *သူမကကၽြန္ေတာ့္ထံ 

မိန္းကေလးတစ္ေယာက္ျဖစ္ေပမယ့္

သူ႔ဘက္ကစၿပီးစိတ္ဝင္စားေနသည္ဟု 

ကၽြန္ေတာ္အလိုလို သိေနခဲ့သည္..။

ယခုလိုျဖစ္ေအာင္လည္း

ကၽြန္ေတာ့္ဘက္က တမင္တကာဖန္တီးခဲ့ျခင္း

ျဖစ္သည္ဆိုတာကိုေတာ့ သူမ ဘာမွမသိခဲ့ပါ..။

 အမွန္မွာေတာ့

သူမရိုးရိုးေလးအလိမ္ခံရျခင္းျဖစ္ပါသည္။

သူမရဲ့ႏွလံုးသားကို

 ပါးပါးနပ္နပ္ေလးလိမ္လည္ဖ်ားေယာင္းေနသူက ကၽြန္ေတာ္ကိုယ္တိုင္ပင္ျဖစ္သည္..။ "


"ကိုရန္ႀကီး ကၽြန္ေတာ္အမွားႀကီးတစ္ခုလုပ္မိလိုက္

သလို ခံစားေနရတယ္ဗ်ာ.."


 ေပါက္စလို႔ကၽြန္ေတာ္ေခၚေသာ

ကၽြန္ေတာ္အရမ္းခင္တဲ့ သူငယ္ခ်င္းတစ္ေယာက္က သူ႔အျဖစ္အပ်က္ကို ျပန္ျပင္လို႔မရတဲ့

အမွားတစ္ခုကို လုပ္မိလိုက္သလို

 ကၽြန္ေတာ့္ထံ ရင္ဖြင့္ေျပာျပလာသည္ ။


 တကယ္ေတာ့ ရင္ဖြင့္ျခင္းထက္ပိုေသာ ခံစားခ်က္

တစ္ခုဟု ကၽြန္ေတာ္သိျမင္ခဲ့သည္။

ေပါက္စကမ်က္ရည္မ်ားဝဲလ်က္..


"ကၽြန္ေတာ္ခ်စ္တဲ့မိန္းမတစ္ေယာက္ရဲ့

စြန႔္လႊတ္မူကို မခံႏိုင္လို႔ရုတ္တရက္ 

ေပါက္ကဲြသလိုျဖစ္သြားမိတာပါ အဲ့ဒီေန့က

သူကၽြန္ေတာ့္ကို အဆက္ျဖတ္ခဲ့တယ္ "


 "မင္းကို သူကဖ်တ္လိုက္တာလား 

မင္းဘာအျပစ္ေတြလုပ္ထားလို႔လဲ.."


"အျပစ္လုပ္ဖို႔မေျပာနဲ႔ ခ်စ္လို႔

ေတာင္မဝလို႔ အရာရာအလိုလိုက္

အႀကိဳက္ေဆာင္ခဲ့တာ

 ကၽြန္ေတာ္သူ႔ကိုျမတ္ျမတ္ႏိုးႏိုး လုပ္ေပး

မိခဲ့တာပါ..."


"ဒါဆို မင္းေကာင္မေလးက သူ႔စိတ္နဲ႔သူ

လုပ္ခ်င္သလိုလုပ္လိုက္တဲ့သေဘာလား"


" ကၽြန္ေတာ္မေတြးတတ္ေတာ့ေပမယ့္ 

အဲ့လိုသေဘာသက္ေရာက္ေနတာေတာ့ အမွန္ပဲ ကၽြန္ေတာ္ဘယ္လိုမွ မခံစားႏိုင္

ဘူးကိုရန္ႀကီးရယ္ သြားလည္းသူ႔စိတ္ 

အိပ္လည္းသူ႔စိတ္ ဘာလုပ္လုပ္

သူ႔စိတ္ႀကီးျဖစ္ေနေတာ့ ကၽြန္ေတာ္ေနလို႔မရဘူး

ေနလို႔လည္္္္္းမေကာင္းဘူး "


 "အခုလိုငါ့ကို ေျပာျပေနေတာ့ မင္းအတြက္

ဘာထူးမွာမို႔လို႔လဲ"


" ကၽြန္ေတာ္ခံစားရတာေတြက ရင္ထဲမွာ

ျပၫ့္သိပ္ေနတာ ရင္နဲ႔မဆန႔္ေတာ့ဘူးဗ်

 ကိုရန္ႀကီးကို ခုလိုေျပာျပရင္ဖြင့္မိေတာ့

ေဝဒနာတစ္ရပ္ ေလ်ာ့ပါးသြားသလို

ရင္နည္းနည္းေခ်ာင္သြားသလို ခံစားရတာေပါ့ "

 

"မင္းဘာလုပ္မယ္လို႔စိတ္ကူးထားလဲ"


" ကၽြန္ေတာ္သူ႔ကိုလိုက္ေတာင္းပန္ခ်င္တယ္ "


"သူကမင္းကို ေတြ့ခြင့္ေပးလို႔လား "


ေပါက္စကကၽြန္ေတာ့္ကိုေခါင္းယမ္းျပသည္။


"သူကၽြန္ေတာ့္ကို အေတြ့မခံဘူးအကို "


"မင္းကိုမခ်စ္လို႔ပစ္လိုက္တဲ့မိန္းမတစ္ေယာက္ကို မင္းကဘယ္လိုအျပစ္ရိွပါတယ္လို႔ေျပာၿပီး ေတာင္းပန္ခ်င္တာလဲ "


"မခ်စ္ေတာ့ဘူး မပက္သက္ခ်င္ေတာ့ဘူးလို႔

ေက်ာခိုင္းသြားတဲ့ မိန္းမတစ္ေယာက္ကို 

ဘယ္လိုေတာင္းပန္မႈမ်ိဳးနဲ႔

 ေအာက္က်ေနာက္က်ခံဖို႔ စဉ္းစားေနတာလဲ"


" ကၽြန္ေတာ္သူ႔ကိုအရမ္းခ်စ္တယ္ 

ကိုရန္ႀကီးရာ သူဘာလုပ္လုပ္ ကၽြန္ေတာ္

အျပစ္မျမင္ႏိုင္ဘူး"


 ကၽြန္ေတာ္ေပါက္စမ်က္ႏွာကို ၾကၫ့္ၿပီးမဲ့

ႃပံုးျပလိုက္မိသည္။

မင္းကေသလူပဲ အခ်စ္တစ္ခုတည္းနဲ႔

ေသေနတဲ့လူ ။


"ကိုရန္ႀကီး ေျပာခ်င္သလိုေျပာပါဗ်ာ 

ကၽြန္ေတာ္ခံစားေနရတာ ကၽြန္ေတာ္ပဲသိပါတယ္.. ကၽြန္ေတာ္မေနႏိုင္လြန္းလို႔ပါအကိုရာ "


"သူေတာင္ေနႏိုင္ေသးတာပဲ ကိုယ္ကေယာက်္ား

မေနႏိုင္ရင္ ေနာက္တစ္ေယာက္

ထပ္ခ်စ္ပစ္လိုက္ေပါ့ သူ႔အေပၚျဖစ္ေနတဲ့ 

စိတ္ေတြတစ္ျခားတစ္ေယာက္ရဲ့ 

ရင္ထဲကိုထၫ့္ေပးလိုက္ 

မင္းေနတတ္သြားလိမ့္မယ္ "


"မျဖစ္ႏိုင္ေတာ့ဘူးအကို ကၽြန္ေတာ္သူ႔ကိုပဲ 

ခ်စ္တယ္ကၽြန္ေတာ့္အခ်စ္က ေျပာင္းေရႊ့

စိုက္ပ်ိဳးလို႔မရေတာ့ဘူး 

သူ႔ကိုပဲတစ္သက္လံုးခ်စ္မွာအကို "


ထိုေန့က ကၽြန္ေတာ္သူနဲ႔ထိုင္ေနေသာ 

လကၹက္ရည္ဆိုင္ေလးဆီကအျပန္မွာ 

ေပါက္စအေၾကာင္းကိုေတြးၿပီး နည္းနည္းေလး

ႃပံုးမိလိုက္သည္။ မွတ္ခ်က္တစ္ခုလည္း

သူအေပၚေပးလိုက္မိ၏။

*ေတာ္ေတာ္ခ်စ္တတ္တဲ့ေကာင္ *


ေနာက္ႏွစ္ရက္ေလာက္မွာ

ေပါက္စကၽြန္ေတာ့္ထံဖုန္းလွမ္းဆက္သည္။


" ကိုရန္ႀကီး ကၽြန္ေတာ့္ဆီလာခဲ့ပါအံုးဗ်ာ 

ကၽြန္ေတာ္ေတာ့ ကိုယ့္ကိုကိုယ္

သတ္ေသခ်င္တာပဲသိေတာ့တယ္

 ကၽြန္ေတာ့္အသက္ကိုမေသေစခ်င္ေသးဘူးဆိုရင္ ကိုရန္ႀကီးကၽြန္ေတာ့္ဆီ အျမန္လာခဲ့ပါ "


ဘာေတျြဖစ္ေနၿပီလည္းဆိုတာ ေသေသခ်ာခ်ာ

မသိရေပမယ့္ အသက္နဲ႔ပါရင္းမယ့္စကားလံုးေတြ သံုးႏႈန္းလာေတာ့ ကၽြန္ေတာ္လည္းသူ႔ဆီကို ခ်က္ခ်င္းပင္အျမန္ဆံုးေရာက္ေအာင္

 သြားခဲ့ပါသည္ ။

ေပါက္စကကၽြန္ေတာ္အလာကို သူ႔တို႔လမ္းထိပ္မွ ႀကိဳၿပီးေစာင့္ေနသည္ ။ လမ္းထိပ္ကလကၹက္ရည္ဆိုင္ေလးတစ္ခုမွာပဲ ကၽြန္ေတာ္နဲ႔ေပါက္စမ်က္ႏွာခ်င္းဆိုင္ ယွဉ္လ်က္ထိုင္လိုက္ၾကသည္"


"ေျပာ.. ဘာျပသနာေတျြဖစ္ေနလို႔လဲ"


"ကၽြန္ေတာ္မိန္းမခိုးလာလို႔အကို"


 ထိုစကားက ကၽြန္ေတာ့္ကိုေတာ္ေတာ္ေလး

အံဩသြားေစခဲ့ပါသည္။


"ဒါေပမယ့္ ကၽြန္ေတာ့္ခ်စ္သူႏွင္းယုခိုင္ေတာ့

 မဟုတ္ဘူး တျခားတစ္ေယာက္"


ေျပာရင္းေပါက္စငိုသံပါလာသည္ ။

ကၽြန္ေတာ္လည္း ဘာဆက္ေျပာလို႔ ေျပာရမွန္းပင္ကိုယ့္ကိုကိုယ္ မသိႏိုင္ျဖစ္ေနမိ၏။


"အဲ့ဒါ ႏွင္းယုခိုင္ကၽြန္ေတာ့္ကို 

ရက္စက္လို႔ျဖစ္ရတာ"


 ကၽြန္ေတာ္ေပါက္စရဲ့စကားေတြကို 

ရင္နင့္ခံစားၿပီး နားေထာင္ေနမိသည္"


"ကၽြန္ေတာ္သူနဲ႔ေတြ့ခြင့္မရလို႔ 

သူ႔အိမ္ကိုစံုစမ္းၿပီး လိုက္သြားတာ

 သူ႔အိမ္ေရ႔ွေရာက္ေတာ့ ကၽြန္ေတာ္သူ႔နာမည္ကို လွမ္းေခၚမိတယ္..

 ရဲေဆးတင္တဲ့အေနနဲ႔ ကၽြန္ေတာ္

နည္းနည္းေသာက္သြားမိတယ္အကို

ကၽြန္ေတာ္အေတာ္ေလးမွားသြားတာပါ 

သူ႔အိမ္ေရ႔ွမွာသူ႔ကို အရွက္လာခဲြရမလားဆိုၿပီး

 သူအကို၊အေဖနဲ႔အေမေရ႔ွမွာ ကၽြန္ေတာ့္ကို 

သူပါးရိုက္လိုက္တယ္ "

****

"ကၽြန္ေတာ္သူ႔ကို စိတ္လည္းနာတယ္

 ဒါေပမယ့္ ခ်စ္တဲ့စိတ္ကလည္း

 စူးေအာင့္ေနေအာင္သူ႔အေပၚျဖစ္ေနမိျပန္တယ္..အဲ့ဒါနဲ႔ ကၽြန္ေတာ္ရွက္ရွက္နဲ႔

အရက္ဆိုင္တစ္ဆိုင္ထဲမွာ 

အျခားသူငယ္ခ်င္းေတြနဲ႔ အတူ

ထိုင္ျဖစ္တယ္.. သူတို႔ရဲ့အႀကံေပးမႈ

ဝိုင္းဝန္းႏိႈးေဆာ္မႈေတြေၾကာင့္

ကၽြန္ေတာ္မခ်စ္တဲ့မိန္းမတစ္ေယာက္ကို

 စကားစေျပာမိရင္း ရင္းႏွီးလာေတာ့ 

သူကလိုက္မယ္ေျပာတာနဲ႔ 

ကၽြန္ေတာ္ခိုးလာျဖစ္တယ္ အကိုရာ.."


"ကၽြန္ေတာ္ခိုးလာတဲ့ေကာင္မေလးကို 

ကၽြန္ေတာ္လံုးဝမခ်စ္ဘူး 

သူလည္းကၽြန္ေတာ့္ကို ခ်စ္မွာမဟုတ္ဘူးဆိုတာ

သိတယ္ ေနာက္ၿပီး သူက (....) KTV မွာ

အလုပ္လုပ္တယ္..

 ဘဲလည္းရႈပ္တယ္..

 နည္းနည္းေပြတဲ့မိန္္္္္းကေလးမ်ိဳး.."


"..ဒါဆို...မင္းရဲ့ႏွင္းယုခိုင္ကေရာ"


"သူကေတာ့ မသိဘူးအကို..

 ကၽြန္ေတာ္သိတာ သူ႔ကို

ျမတ္ျမတ္ႏိုးႏိုးသိပ့္ခ်စ္တာပဲ သိတယ္ "


"ငါစံုံစမ္းရသေလာက္ေတာ့ မင္းရဲ့ခ်စ္သူ

ႏွင္းယုခိုင္မွာေနာက္တစ္ေယာက္ရိွေနၿပီဆိုတာပဲ

 သူမင္းကို မခ်စ္လို႔မဟုတ္ဘူး 

ခ်စ္လို႔လည္းမဟုတ္ဘူး 

ေနာက္တစ္ေယာက္ထားခ်င္လို႔ မင္းကို 

 ပစ္သြားတာ

သူကမွ တကယ့္မိန္းမလည္.."


ေပါက္စက ငိုေနပါသည္။


"ကၽြန္ေတာ္ဘာေတြဆက္လုပ္ရမလဲ အစ္ကို"


"ဘာမွလုပ္စရာမလိုေတာ့ဘူး 

အခုခိုးေျပးလာတဲ့မိန္းကေလးကိုပဲ

 မိသားဖသားပီပီ လက္ထပ္ဖို႔ပဲရိွေတာ့တယ္

အဲ့ဒါကပဲ မင္းရဲ့ေရစက္ မင္းရဲ့ကံၾကမၼာ

မင္းဖန္တီးတဲ့ဘဝပဲ "


"ကၽြန္ေတာ္ျပန္ျပင္ဆင္လို႔မရေတာ့ဘူးလား

အစ္ကိုရာ"


"ရႏိုင္တဲ့အရာကို လက္ဆုပ္လက္ကိုင္မိေနပါလ်က္

ျပန္ျပင္ဆင္ခ်င္ေသးရင္

 ကိုယ့္စိတ္ကိုယ္ႏိုင္ေအာင္

အရင္ႀကိဳးစားထားရတယ္ကြ

 ခုမွေတာ့ မင္းအျပစ္နဲ႔မင္း မင္းထိုက္နဲ႔မင္းကံေပါ့ ႄကံုလာမယ့္အရာေတြကို အေကာင္းဆံုး

ရင္ဆိုင္ႏိုင္ေအာင္ပဲ မင္းႀကိဳးစားရေတာ့မယ္ 

အဲ့ဒါကိုပဲ မင္းေခါင္းထဲမွာထၫ့္ထားေပေတာ့"


" ကၽြန္ေတာ္ ႏွင္းယုခိုင္ကို ခ်စ္ေနေသးတယ္"


"

ေအး..အဲ့ဒါဆိုလည္း မင္းကိုယ္မင္း 

လဲေသလိုက္ရံုေပါ့ကြာ..."


#####  ##### ##### #####


ေပါက္စ အရက္ဆိုင္မွာ ရန္ျဖစ္လို႔ဟု 

ကၽြန္ေတာ္ၾကားခဲ့ရသည္။

  အဲ့ဒါက မေန့က အျဖစ္အပ်က္..

ယခုလည္း ထိုအရက္ဆိုင္မွာပင္

အရက္ေသာက္ေနသည္ဟု 

ကၽြန္ေတာ္သတင္းထပ္မံရသျဖင့္ 

သူ႔ကိုအျခားေကာင္ေတြဝိုင္းမရိုက္ခင္

 ကၽြန္ေတာ္ ေပါက္စရိွတဲ့ေနရာကို 

အျမန္ေရာက္ေအာင္သြားျဖစ္ခဲ့ပါသည္။


အရက္ဆိုင္အတြင္းမွာ ဆူညံေသာအသံမ်ားက 

ေနရာအႏွံ႔ ရီေဝလြင့္ေမ်ာေနၾကေသာ 

လူမ်ားရဲ့ႏႈတ္ခမ္းဖ်ားကိုယ္ဆီမွ  

 ျပသနာေပါင္းစံုကိုယ္စားျပဳလ်က္

 အစီအစဉ္မက်စြာ ထြက္ေပၚေနပါသည္။


"ေပါက္စ !!"


ကၽြန္ေတာ္မ်က္ႏွာတည္တည္တင္းတင္းျဖင့္

လွမ္းေခၚလိုက္သည္ ။

ေပါက္စကေသာက္လက္စ အရက္ခြက္ကို 

ႏႈတ္ခမ္းထက္မွ ျပန္ခ်လ်က္ 

ကိုရန္ႀကီးဟု ဝမ္းနည္းတသာ

 ျပန္ေခၚလိုက္သည္။


 "ထိုင္ေလ"အစ္ကိုဟု အားနာေသာေလသံျဖင့္ ေပါက္စကၽြန္ေတာ့္ထံႃပံုးျပလာသည္။

 

"ကၽြန္ေတာ္ဒီမွာ ေသာက္ေနတယ္လို႔

 ကိုရန္ႀကီး ဘယ္လိုသိသြားတာလဲ "


ပတ္ဝန္းက်င္ကို ကၽြန္ေတာ္ေဝ့ၾကၫ့္လိုက္သည္။


ကၽြန္ေတာ္တို႔ႏွစ္ေယာက္ကို 

မ်က္စိေဒါက္ေထာက္ၾကၫ့္ေနေသာ 

အရက္ဝိုင္းတစ္ဝိုင္းကို သတိထားမိ၏။


" မင္းဒီေနရာမွာ ရိွမေနသင့္ဘူး "


ေပါက္စက ကၽြန္ေတာ့္မ်က္ႏွာကို 

ေမ်ွာ္လင့္ခ်က္မဲ့ေသာ မ်က္ႏွာအမူအယာျဖင့္

ၾကၫ့္ေနသည္။

 

"ကိုရန္ႀကီးေျပာသလို အရင္ကဆို

ကၽြန္ေတာ္ဒီေနရာမွာ ရိွမေနသင့္ဘူးဆိုတာ

 မွန္တယ္..ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ 

ဒီေနရာက ကၽြန္ေတာ္ရိွကိုရိွေနသင့္တဲ့

 ေနရာဆိုတာေတာ့ ကၽြန္ေတာ္မွန္တယ္.."


ေပါက္စရဲ့စကားအသံုးအႏႈန္းေတြက 

ရူးေၾကာင္ေၾကာင္ျဖစ္ေနေပမယ့္

 ရင္ထဲကနာက်င္လြန္းတဲ့ေဝဒနာေတြကိုေတာ့ အထင္းသားျမင္သာေစႏိုင္ေသာ ေဝါဟာရအခ်ိဳ႕ဟု ကၽြန္ေတာ္ထင္မိသည္ ။


"အခုလိုမင္းဒီေနရာမွာ ရိွေနေတာ့ေရာ

 မင္းက်ူးလြန္မိတဲ့အမွားေတြက မွန္ကန္တဲ့လမ္းေၾကာင္းေပၚမွာသူ႔အလိုလို

ျပန္ျဖစ္လာလိမ့္မယ္လို႔ မင္းယူစထားလို႔လား"


 ေပါက္စကေခါင္းခါသည္။

 သံပရာသီးတစ္စိပ္ကို ဆားေလးအနည္းငယ္တို႔ၿပီး ပါးစပ္ထဲသို႔ ပစ္ထၫ့္လိုက္၏။

 မ်က္ႏွာအနည္းငယ္ ရႈံ႔သြားတာကို

 ျမင္လိုက္ရသည္။


"ခ်စ္တဲ့သူနဲ႔ေကြကြင္းရျခင္း 

မခ်စ္မႏွစ္သက္တဲ့သူနဲ႔ေပါင္းဖတ္ရျခင္းဆိုတဲ့ ကဗ်ာေတြသီခ်င္းေတြကနားေထာင္လို႔ပဲ

ေကာင္းၾကတာပါ ခံစားလို႔ေတာ့မေကာင္းဘူးဗ်"


"ခ်စ္ခ်င္လို႔ခ်စ္ၿပီးၿပီ ျဖစ္ခ်င္လို႔

ျဖစ္လည္းျဖစ္ၿပီးၿပီ အသစ္ကျပန္စဖို႔ ဆိုရင္

ကိုယ့္ကိုယ္ကို ေယာက်္ားစိတ္ေမြးၿပီး

ႀကံ့ခိုင္ေနရမယ္ကြ ကိုယ့္ကိုကိုယ္ ၿပိဳလဲေအာင္ဒဏ္ခတ္တဲ့ အျဖစ္မ်ိဳးေတြလုပ္ေနရင္

 အဲ့ဒါေယာက်္ားမပီသတာပဲ..

မွားေနတာကို အမွားအတိုင္းထားလိုက္မယ္ဆိုရင္ မင္းအမွန္နဲ႔ေဝးေနအံုးမွာပဲ...

 နားလည္ေဖးမေပးမယ့္သူရဲ့ စကားေတြကို 

ရိုေသသမူနဲ႔ နည္းနည္းေလးေတာ့ ေလးစားဖို႔

လိုတယ္ ငါက မင္းရဲ့ေဝဒနာေတြကို

မခံစားကိုယ္ခ်င္းမစာနာလို႔ 

ေျပာတာမဟုတ္ဘူးေနာ္မင္းခုလို 

ျဖစ္ခ်င္သလိုျဖစ္မလာလို႔ ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး ဆင္ကန္းေတာတိုးသြားေနမယ္ဆို မင္းဘဝလံုးပါးပါးသြားမွာကို ႏွေမ်ာလြန္းလို႔

 အဲ့ဒီစိတ္နဲ႔ မင္းရဲ့အမွားႏြံထဲက ရုန္းထြက္ဖို႔ ကယ္တင္ေနခဲ့တာပါ.."


"ကိုရန္ႀကီးရဲ့ ေစတနာစကားကို 

ကၽြန္ေတာ္အသိအမွတ္ျပဳပါတယ္ 

အစ္ကို႔ကိုလည္းကၽြန္ေတာ္ရိုေသပါတယ္ 

 ကၽြန္ေတာ့္ဘဝက  ဒီေလာက္နဲ႔ပဲအဆံုးသတ္ဖို႔ထိုက္တန္ပါတယ္အကို 

 ဒီဘဝမွာ ဒီဒဏ္ရာေတြသာ ဆက္ရိွေနအံုးမယ္

ဆိုရင္ ကၽြန္ေတာ္ဒီဘဝမွာဆက္မရိွခ်င္ေတာ့ဘူး ကၽြန္ေတာ္သူနဲ႔ပက္သက္လို႔

မရေတာ့မယ့္အတူတူေပါ့ 

ကၽြန္ေတာ္ ႏွင္းယုခိုင္ကိုသိပ့္ခ်စ္တယ္.."


"သိပ့္ခ်စ္တယ္ဆိုတဲ့စကားတစ္ခုရဲ့ 

ေလးနက္မူကိုမင္းသိလား "


ေပါက္စေခါင္းခါသည္ ။

ကၽြန္ေတာ္ေပါက္စကို မဲ့ႃပံုးႃပံုးျပလိုက္သည္။

 ႏွင္းယုခိုင္ကေရာမင္းကိုသိပ့္ခ်စ္တာပဲလား။ ေပါက္စေခါင္းထပ္ခါျပန္သည္။


" မခ်စ္တာကိုအစစ္လုပ္ၿပီး အျဖစ္သေဘာနဲ႔

ပစ္ပစ္ခါခါေျပာသြားလုပ္ရက္သြားတဲ့

 မိန္းမတစ္ေယာက္ကို စဲြစဲြလန္းလန္း

သိပ္ခ်စ္ပါတယ္ဆိုတဲ့ မင္းရဲ့ ေလးနက္မႈက

 သူမ်ားေတြရဲ့ေလွာင္ရယ္စရာျဖစ္မေနဘူးလား မင္းက ခ်စ္တယ္ဆိုတဲ့ စကားေလးကို ရင္ထဲကေန

အသိမ္ေမြ့ဆံုးထုတ္ထုတ္သံုးေနေပမယ့္

 မင္းခ်စ္တဲ့မင္းခ်စ္သူႏွင္းယုခိုင္ကေတာ့ 

မင္းေရ႔ွမွာပဲမဲ့ႃပံုးတစ္ခ်က္နဲ႔ 

ရင္ဘက္တၫ့္တၫ့္ကို အမုန္းတံဆိပ္

ကပ္သြားခဲ့တယ္ဆိုတာ မင္းမ်က္ျမင္ကိုယ္ေတြ့ခံစားရင္က်ိဳးခဲ့ရၿပီးၿပီေလ 

အဲ့ဒါကိုနာက်င္စရာလို႔မေတြးပဲအခ်စ္ရဲ့ 

ေလးနက္မူပါလို႔ ကိုယ္ရည္ေသြးျပေနရင္ေတာ့ 

မင္းရႈံးခဲ့တာတစ္ႀကိမ္တည္းနဲ႔ အႀကိမ္ႀကိမ္

ရႈံးေနသလိုျဖစ္ေနၿပီ  ကိုယ့္ကိုယ္ကို 

တစ္ခါေလာက္ေတာ့ အႏိုင္ျပန္ယူဖို႔

 မလုပ္ခ်င္ေတာ့ဘူးလား.."


"ကၽြန္ေတာ္သူ႔ကိုခ်စ္မိၿပီးကတည္းက 

ကၽြန္ေတာ့္ခႏၶာနဲ႔ကၽြန္ေတာ့္ႏွလံုးသားက 

သူကလဲြၿပီးဘာမွ မခံစားတတ္ေတာ့ဘူး 

သူ႔ဘက္ကႏိုင္သြားေပမယ့္ ကၽြန္ေတာ္ကိုယ္တိုင္က  အရႈံးေပးၿပီးသားမို႔

 ဘာမွထပ္ျဖစ္တည္စရာမရိွေတာ့တဲ့ 

ကၽြန္ေတာ့္ဘဝမွာ  အမုန္းဒဏ္ေတြသာ

သင့္ခဲ့ရတယ္ ဒီေဝဒနာဆိုးကေန

 ကၽြန္ေတာ္အျမန္လြတ္ေျမာက္ပါရေစလား

 ကိုရန္ႀကီးရယ္.."


"တန္လို႔လားကြာ "


ကၽြန္ေတာ္ဝမ္းနည္းသံပါသြားသည္။

မင္းေပးတဲ့အခ်စ္နဲ႔ မင္းရဲ့ႏွင္းယုခိုင္က

 တန္ေသးလို႔လား။

 ခ်စ္ပါတယ္လို႔ေျပာတဲ့ ရင္ခြင္က်ယ္ႀကီးကို

စိတ္ထင္ရာလုပ္ပစ္သြားတဲ့ မိန္းမတစ္ေယာက္ရဲ့

 အေငြ့အသက္က မင္းလြတ္ေအာင္မရုန္းႏိုင္ေတာ့ဘူးလား။

 မခ်စ္နဲ႔လို႔ မေျပာခ်င္ေပမယ့္ ခ်စ္လို႔၊ျမတ္ႏိုးလို႔

မရေတာ့တဲ့အခ်ိန္မွာ ဥေပကၡာျပဳပစ္လိုက္ဖို႔ေတာ့

သင့္ေနပါၿပီ။ 


"မလြမ္းနဲ႔လို႔တိုက္တြန္းခ်င္ေပမယ့္ 

လြမ္းလို႔ရမယ့္အခ်ိန္ကာလမ်ိဳးလည္း 

မဟုတ္ေတာ့ဘူး မတန္ဘူးညီေလးရာ 

မတန္ေတာ့ဘူး

 ခုလိုအလူးအလဲျဖစ္ေနတဲ့

လူတစ္ေယာက္ရဲ့ လက္ရိွအေျခအေနကို 

ခႏၶာရဲ့ျဖစ္တည္မူအားလံုးထဲက အခ်စ္ခံေနရတဲ့

မင္းခ်စ္သူ ႏွင္းယုခိုင္က သိေတာင္သိရဲ့လား

စာနာဖို႔မေျပာနဲ႔ ကိုယ္ခ်င္းစားဖို႔မေျပာနဲ႔ 

သူရိတ္သိမ္းလိုက္တဲ့ နာက်င္မႈေတြထဲ 

ရစ္မူးေနတဲ့ေကာင္တစ္ေကာင္လို႔ေတာင္ 

လမ္းေတြ့ရင္ မင္္္္္းနဲ႔ပက္သက္ခဲ့ဖူး

ပါတယ္ဆိုတဲ့ မွတ္ဉာဏ္ေလးေတာင္

 ထားခဲ့မွာမဟုတ္ေတာ့ဘူး ရိုင္းရိုင္းေျပာရရင္

 မင္းကိုေတြ့ရင္ တံေတြးနဲ႔ေတာင္လွၫ့္ေထြးမယ့္မိန္းမမဟုတ္ဘူး နာတတ္စမ္းပါ ေပါက္စရာ..

နာက်င္လြန္းလို႔ လႈပ္မရျဖစ္ေနတဲ့ 

အသည္းႏွလံုးကိုမင္းက ဆားနဲ႔ထပ္ပက္သလို

ျဖစ္ေနၿပီ အနာမက်တ္ခင္ ငါ့ကိုရက္စက္လိုက္တာပါလားလို႔ ႏွင္းယုခိုင္ကို

ပက္ပက္စက္စက္ေတြးပစ္လိုက္စမ္းပါ 

ညီေလးရယ္.."


ေပါက္စ ငိုေနပါသည္။

 ကၽြန္ေတာ္လည္းေပါက္စအစား

  ရင္ႀကိဳးမတတ္ ခံစားေနရ၏။


ေဝဒနာေတြကိုေျဖသာေစဖို႔ ေဆးတစ္မ်ိဳးသာ 

ခ်က္ခ်င္းရမယ္ဆိုရင္ 

ဘယ္ေသာင္ဘယ္ကမ္းျဖစ္ျဖစ္ 

ကၽြန္ေတာ္လက္ပစ္ပဲကူးရကူးရ 

သြားယူေပးလိုက္ခ်င္သည္။

 ညီေလးတစ္ေယာက္လို ခင္မင္ရတဲ့ 

ေပါက္စအတြက္ စာနာရင္နင့္မိေနတာေတာ့ 

ရင္နဲ႔မဆန႔္ေလာက္ေအာင္ပင္ ျဖစ္လို႔ေနပါသည္။


ေပါက္စကိုအရက္ဆိုင္ထဲမွ ကၽြန္ေတာ္တဲြၿပီးျပန္ေခၚ

ခဲ့သည္ ငိုရိႈက္ေနေသာေယာက်္ားတစ္ေယာက္ရဲ့

ခြန္အားမဲ့မူကို အခ်စ္ေၾကာင့္ပါလားဟု ကၽြန္ေတာ္

စဲြၿမဲစြာ မွတ္ယူထားပစ္လိုက္ပါသည္ ။

သူ႔အိမ္ကိုဖုန္းဆက္ၿပီး ဒီတစ္ညေတာ့ 

ေပါက္စကို ကၽြန္ေတာ့္အိမ္မွာပင္

 သိပ္ေတာ့မည္ျဖစ္ေၾကာင္း 

ဖုန္းျဖင့္ခြင့္ေတာင္းလိုက္ပါသည္။ 


မူးရူးၿပီး အခ်စ္ရဲ့က်ရႈံးမႈေတြေအာက္မွာ 

အလဲလဲအကဲြကဲြျဖစ္ေနရေသာ

 လူငယ္တစ္ေယာက္ရဲ့ ေၾကကဲြဝမ္းနည္းမႈကို မ်က္ျမင္ကိုယ္ေတြ့ ခံစားရူေမ်ွာ္ခဲ့ရေတာ့ 

ကၽြန္ေတာ့္ရင္ထဲမွာ အခ်စ္ကိုပင္ 

ခ်စ္ရလြမ္းရမွာအေၾကာက္ႀကီး

 ေၾကာက္ေနခဲ့မိသည္။


 မျဖစ္သင့္တဲ့ေဝဒနာ 

မခ်စ္သင့္တဲ့လူတစ္ေယာက္ကိုမွ စဲြၿမဲနက္ရိႈင္းစြာ တြယ္တာျမတ္ႏိုးမိျခင္းက 

ဘဝရဲ့အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားကို

 ထိခိုက္ပြန္းပဲေစေသာအရာဟု

 မွတ္ယူပစ္လိုက္မိပါသည္။

ဘယ္အရာမွမလြမ္းနဲ႔ 

ဘယ္တစ္စိမ္းတစ္ေယာက္ကိုမွ

 မခ်စ္မိေစေတာ့နဲ႔ဟု ကိုယ့္ကိုကိုယ္သတိေပး

 တားျမစ္မူကို ယခုအခ်ိန္ကစလို႔ 

ကၽြန္ေတာ္တားျမစ္ထားလိုက္ပါ၏။

ဘဝမွာဘယ္လိုအခက္အခဲေတြပဲ ႄကံုၾကဳံ

 အခ်စ္နဲ႔တၫ့္တၫ့္မတိုးပါရေစနဲ႔...။


မနက္မိုးလင္းေတာ့ ေကာ္ဖီတစ္ခြက္ကို

ေပါက္စေသာက္ဖို႔ ကၽြန္ေတာ္ျပင္ေပးသည္။ ေပါက္စကအားနာေသာ အၾကၫ့္ျဖင့္ 

ကၽြန္ေတာ့္ကိုႃပံုးျပ ၏။


"ညကကၽြန္ေတာ္အရမ္းမူးသြားတယ္မို႔လား

 အကို .."ဟုကၽြန္ေတာ့္ကို စကားစသည္။ 


ကၽြန္ေတာ္ကေခါင္းညိမ့္ၿပီး

"ေကာ္ဖီေလးတစ္ခြက္ေသာက္လိုက္အံုး"ဟုေျပာၿပီး

ဘာစကားမွ ထပ္မေျပာေတာ့ပဲ

 ကားထြက္ဖို႔လိုအပ္ေသာအရာမ်ားအတြက္

 ကားထားေသာဂိုေထာင္ေလးဆီသို႔သြားၿပီး

ကားစစ္ဖို႔လုပ္လိုက္သည္။


နာရီဝက္ေလာက္ၾကာေတာ့ ေကာ္ဖီ

ေသာက္ေနေသာစားပဲြမွာပဲ 

ေပါက္စငူငူႀကီးေတြေတြေငးေငးနဲ႔ထိုင္ေန

တာကို ေတြ့ေနရသည္ ။


ကၽြန္ေတာ္ျပန္ဝင္လာတာကို

သူသတိထားမိဟန္မတူပါ။

 ကၽြန္ေတာ္လည္းသူ႔ကို ဘာစကားမွမေျပာပဲ မီးဖိုေခ်ာင္ထဲသို႔ဝင္ကာ နံနက္စာအျဖစ္ ထမင္းေၾကာ္ဖို႔လုပ္သည္ ထမင္းေၾကာ္ၿပီး

သြားေတာ့ ပန္ကန္ႏွစ္ခ်က္ခဲြထၫ့္ကာ 

ေပါက္စရိွေသာေနရာသို႔သြားကာ 

ေပါက္စဘက္သို႔ထမင္းေၾကာ္ပန္ကန္ကို 

ေပးလိုက္သည္။


" ညကအစာမရိွေတာ့မင္းပိုၿပီး

အရက္နာက်ေနလိမ့္မယ္ ကုန္ေအာင္စားလိုက္.."


ေျပာၿပီးကၽြန္ေတာ္လည္း ထမင္းေၾကာ္ကို 

တစ္ဇြန္းစာႏွစ္ဇြန္းစာ ခပ္စားမိစဉ္

ကိုရန္ႀကီးဟု ေပါက္စကကၽြန္ေတာ့္ကို 

တစ္ခုခုထံခြင့္ျပဳေပးေစခ်င္စိတ္ျဖင့္ 

ေခၚလိုက္သည္။

  ကၽြန္ေတာ္က စားလက္စထမင္းေၾကာ္

တစ္ဇြန္းကိုခပ္လ်က္ ဘာလဲ..ဟု ေမးလိုက္၏။


"ကၽြန္ေတာ္လိမၼာေတာ့မယ္ .."


ျဗဳန္းသားႀကီးဘာအေၾကာင္းအရင္းမွမရိွပဲ

 ေျပာခ်လိုက္ေသာေပါက္စရဲ့စကားေၾကာင့္ ကၽြန္ေတာ္ေၾကာင္ေတာင္ေတာင္ ျဖစ္သြားရသည္။ 


"ဘာလဲေပါက္စရ မင္းကဘာကိုေျပာခ်င္တာလဲ" 


"မခ်စ္သင့္ေတာ့တဲ့သူ မသက္ဆိုင္ေတာ့ဘူးလို႔

 ကန႔္သက္ကြာေဝးသြားတဲ့မိန္းမတစ္ေယာက္ကို ကၽြန္ေတာ့္ႏွလံုးသားထဲက 

လက္ေလ်ာ့ပစ္လိုက္ေတာ့မယ္လို႔ဆိုလိုတာပါ"


 ကၽြန္ေတာ္ေပါက္စရဲ့စကားကို ႃပံုးၿပီး

ေခါင္းညိမ့္ျပလိုက္သည္ ။


"အရင္ကတည္းက မင္းစိတ္ထဲႏွလံုးသားထဲမွာ

 ခုလိုအသိစိတ္မ်ိဳးအေတြးမ်ိဳးျဖစ္ေပၚလာရမွာ နည္းနည္းေတာင္ေနာက္က်ေနၿပီ "


ေပါက္စက ကၽြန္ေတာ့္ရဲ့စကားကို

 ရီေဝေငးေမာေနေသာမ်က္ဝန္းမ်ားျဖင့္ 

ၾကၫ့္ျမင္လ်က္နားေထာင္ေနေလသည္။


"ကၽြန္ေတာ္ကိုရန္ႀကီးကို တစ္ခုေတာ့

အကူအညီေတာင္းခံပါရေစ 

ကၽြန္ေတာ့္ကိုအဲ့ဒီတစ္ခုေလးကိုေတာ့ 

ကိုရန္ႀကီးလက္ခံေပးပါ 

ကၽြန္ေတာ့္ကို သူငယ္ခ်င္းတစ္ေယာက္လို

သေဘာမထားပဲ ညီရင္းတစ္ေယာက္လို

ခင္တယ္ခ်စ္တယ္ဆိုရင္ ကူညီးေပးပါေနာ္

ကိုရန္ႀကီး.."


"မင္းသာ လိမၼာမယ္...

ခုလိုမ်ိဳးဘဝပ်က္ေလာက္တဲ့အထိ

ရူးမိုက္ရမ္းကားမႈမ်ိဳးေတြ ထပ္မလုပ္ေတာ့

ပါဘူးဆိုရင္ ကိုတက္ႏိုင္သမ်ွ 

အစြမ္းကုန္ကူညီဖို႔အသင့္ပဲ ညီေလး.."


ကၽြန္ေတာ္က ႃပံုးၿပီးေပါက္စပုခံုးေပၚသို႔ 

လက္ျဖင့္ပုတ္လိုက္သည္ ။

ေပါက္စက ညီငယ္တစ္ေယာက္ထံ

အကိုတစ္ေယာက္ရဲ့ႏွစ္သိမ္မႈမ်ိဳးဟု

ခံယူလ်က္ ေခါင္းေလးငံုကိုင္းခ်လိုက္ပါသည္။


*ေျပာ..ငါက မင္းကို ဘာေတြကူညီေပးရမလဲ"


" ကိုရန္ႀကီးမွာ ရည္စားေတြခ်စ္သူေတြ

မရိွဘူးဆိုတာ ကၽြန္ေတာ္အသိဆံုးပဲေလ

 အဲ့ဒါအမွန္ပဲမို႔လား"


 ကၽြန္ေတာ္ကႃပံုးလ်က္ ေခါင္းညိမ့္ျပလိုက္သည္။


" အဲ့ဒါေတြနဲ႔မပက္သက္ခ်င္လို႔ 

မင္းကိုလည္းခုလို မျဖစ္သင့္တာမျဖစ္ေအာင္လိုက္လံဟန႔္တားေနရတာေပါ့  "


"ဒါဆို ကၽြန္ေတာ္ေျပာမယ္ေနာ္"


" ေအး..ရတယ္..ေျပာ"


"ကိုရန္ႀကီးႏွင္းယုခိုင္ကို ကၽြန္ေတာ့္အစား

ရည္စားျဖစ္ေအာင္လုပ္ေပးပါ "


"ဘာ..!!!!"


ကၽြန္ေတာ္ နားၾကားပင္ မွားသြားေလသလားဟု

 ထိုစကားသံကို သံသယျဖစ္ေနမိသည္။


"  ဟုတ္တယ္ ကိုရန္ႀကီးႏွင္းယုခိုင္ကို 

ကၽြန္ေတာ့္အစားခ်စ္ေအာင္လုပ္ေပးပါ"


 ကၽြန္ေတာ္မကၽြမ္းက်င္ေသာ

 ကၽြန္ေတာ္မယဉ္ပါးခဲ့ေသာ အရာတစ္ခုထံ

ဦးခိုက္ဖို႔ ေတာင္းဆိုေနသလိုျဖစ္ေနသည္ဟုထင္မိသည္။


"ငါက..ဘာျဖစ္လို႔ ႏွင္းယုခိုင္ရဲ့

ရည္းစားျဖစ္ေအာင္လုပ္ရမွာလဲ

 ဘာျဖစ္လို႔ မင္းပက္သက္ခြင့္မရိွေတာ့တဲ့

မိန္းမတစ္ေယာက္နဲ႔မွ ငါက ဆက္ၿပီး

ပက္သက္ရမွာလဲ ငါျငင္းခ်င္တယ္

 ငါမလုပ္ႏိုင္ဘူး...

ေပါက္စ မင္းမခ်စ္ရေတာ့တဲ့မိန္းမတစ္ေယာက္ကို

ငါမမုန္းရင္ေတာင္ ခ်စ္လို႔ရမွာမဟုတ္ဘူးဆိုတာ မင္းအသိဆံုးျဖစ္မွာပါ..

ဟန္ေဆာင္တယ္ဆိုတာ တကယ့္အစစ္နဲ႔

တူေအာင္လုပ္ရတာ တကယ့္အစစ္က

ရင္ထဲမွာမရိွဘူးဆိုရင္

ငါဘာမွ ဆက္လုပ္လို႔မရဘူးေပါက္စ

 ငါဒီတစ္ခုကိုေတာ့ ကူညီႏိုင္မယ္မထင္ဘူး.."


 ေပါက္စက မ်က္ႏွာမေကာင္း။

ကၽြန္ေတာ္လည္း ကူညီဖို႔မျဖစ္ႏိုင္ေသာေၾကာင့္

စိတ္မေကာင္းျဖစ္ရသည္။


"ကိုရန္ႀကီးမကူညီႏိုင္ရင္

 ကၽြန္ေတာ္ဒီေန့အရက္ဆက္ေသာက္ျဖစ္မယ္

ထင္တယ္ "


ကၽြန္ေတာ္ဟန႔္တားဖို႔ ဘာစကားမွမဆိုမိ။


"ကိုရန္ႀကီး ကၽြန္ေတာ့္ကိုမဟန႔္တား

ေတာ့ဘူးလား

 ခုလိုျဖစ္မယ္လို႔ ေျပာလိုက္တဲ့လူတစ္

ေယာက္ရဲ့ရင္ထဲကို ကိုရန္ႀကီးနည္းနည္းေလးေလာက္ပဲျဖစ္ျဖစ္ ဝင္မၾကၫ့္မခံစားေပးႏိုင္ေတာ့ဘူးလား.."


"ဝင္ၾကၫ့္ခံစားဖို႔ ျမင္သိေတြးစရမယ့္

အရာေတြကငါကိုယ္တိုင္ ခံစားေပးလို႔မွ

မရႏိုင္တာ ညီေလးရယ္.."


"ကၽြန္ေတာ္ႏွင္းယုခိုင္ကို အရမ္းခ်စ္တယ္ ကၽြန္ေတာ္ခုလိုမပက္သက္ရေတာ့မယ့္

 အေျခအေနမွာ ကၽြန္ေတာ္သိပ္ခ်စ္တဲ့

 မိန္းကေလးက တစ္ျခားတစ္ေယာက္ရဲ့

 ရင္ခြင္ထဲမွာ တစ္ျခားတစ္စံုတစ္ဦးနဲ႔ 

ခ်စ္ကၽြမ္းဝင္ေနပါတယ္ဆိုတာသာ

 ကၽြန္ေတာ္သိလိုက္ရရင္ ကၽြန္ေတာ္ေဆာက္တည္ရာမရပဲ တစ္ခုခု

ျဖစ္သြားလိမ့္မယ္ကိုရန္ႀကီး..

ကၽြန္ေတာ္ခ်စ္တဲ့ခ်စ္သူ ကၽြန္ေတာ္တက္မက္ျမတ္ႏိုးတဲ့မိန္းမတစ္ေယာက္ကို 

တစ္ျခားတစ္ေယာက္ရဲ့ ရင္ခြင္ရိပ္နဲ႔စာရင္ ကၽြန္ေတာ္အစ္ကို႔လို တရင္းတႏွီး

ခ်စ္ခင္ေလးစားရတဲ့ သူရဲ့ရင္ခြင္မွာပဲ 

စိတ္ခ်တယ္တကယ္တမ္းေျပာရမယ္ဆိုရင္

ကၽြန္ေတာ့္ရဲ့အသက္ကိုေတာင္ ကိုရန္ႀကီးကို လိုလိုလားလားေပးအပ္ခ်င္တာမ်ိဳးေပါ့

 ႏွင္းယုခိုင္ကို ကၽြန္ေတာ္ခ်စ္တဲ့အခ်စ္က

 အသက္တမ်ွပါကိုရန္ႀကီးရယ္..

ကိုရန္ႀကီးႏွင္းယုခိုင္ကို ခ်စ္ေအာင္ႀကိဳးစားေပးပါ"


"တကယ္လို႔ သူကလက္မခံရင္ေရာ "


"သူလက္ခံႏိုင္တဲ့အထိကိုရန္ႀကီးသူ႔ဆီက 

အခ်စ္ကိုရေအာင္ယူေပးေပါ့ "


ေပါက္စရဲ့စကားေတြက ကၽြန္ေတာ့္ကို

မ်က္လံုးျပဴးမ်က္ဆံျပဴးျဖစ္သြားေစေသာ

ကိစၥမ်ားပင္ျဖစ္သည္ ။

ကၽြန္ေတာ္လုပ္ႏိုင္ပါ့မလားဟု ကိုယ့္ကိုကိုယ္

သံသယဝင္ေနမိ၏။


"တကယ္လို႔ သူနဲ႔ခ်စ္သူျဖစ္သြားခဲ့ရင္

အဲ့သၫ့္အခ်ိန္ေလာက္က်ရင္

ကိုရန္ႀကီးသူ႔ကိုတကယ္မခ်စ္ခဲ့ဘူးလို႔ထင္ရင္ လမ္းခဲြလိုက္လို႔ရပါတယ္ 

ကၽြန္ေတာ္ခြင့္ျပဳပါတယ္ သူ႔ကို

တကယ္ခ်စ္သြားရင္ေတာ့ ပိုေကာင္းတာေပါ့ ကၽြန္ေတာ္ေပ်ာ္ရတာေပါ့

 ကိုရန္ႀကီးတို႔မဂၤလာေဆာင္မွာ

 ကၽြန္ေတာ္ကအေပ်ာ္ဆံုးလူသားျဖစ္သြားလိမ့္မယ္

ကၽြန္ေတာ့္အတြက္ အခ်ိန္ကာလတစ္ခုအထိ

 သူ႔နံေဘးမွာရိွေနေပးပါ အကိုရယ္

ကၽြန္ေတာ္သူကို႔ ခ်စ္ေနတုန္းမို႔ပါ 

အခ်ိန္ကာလတစ္ခုေရာက္သြားရင္

သူ႔အေၾကာင္းေတြ ခဏခဏမေျပာျဖစ္ေတာ့တဲ့ အခ်ိန္က်ရင္ေတာ့ ကၽြန္ေတာ့္ရဲ့

ေဝဒနာေတြေပါ့ပါးသြားမွာပါ

အဲ့ဒီအခ်ိန္မွာ တကယ္လို႔အကိုသူ႔နံေဘးမွာ

ရိွမေနေပးခ်င္ေတာ့ရင္ေတာင္

ကၽြန္ေတာ္ခုေလာက္ခံစားရမွာ

မဟုတ္ေတာ့ဘူးေလ"

ကိုရန္ႀကီးရယ္ ကၽြန္ေတာ့္ရဲ့ႏွလံုးသား

ေဝဒနာေတြအတြက္ အခ်ိန္အနည္းငယ္ေလာက္

သူ႔နံေဘးမွာ ရိွေနေပးၿပီး ကၽြန္ေတာ့္ကို

ကုစားေပးပါ ကၽြန္ေတာ္ဘယ္လိုခြင့္ပန္မူမ်ိဳးနဲ႔ပဲျဖစ္ျဖစ္ အကိုဆီခြင့္ပန္ပါတယ္ ကူညီေပးပါေနာ္.."


ႏွလံုးသားအခြံလြတ္နဲ႔ လူတစ္ေယာက္ကိုမွ

လာေရာက္ၾကည္စယ္သလို 

အခ်စ္နဲ႔မ်ွားေခၚရတယ္လို႔။

ဘဝမွာတစ္ခါေလာက္ေတာ့ တကယ္

ခ်စ္ဖူးခ်င္တာေတာ့အမွန္ပင္ ။

ဒါေပမယ့္ ကၽြန္ေတာ္ခ်စ္မယ့္သူက

ႏွင္းယုခိုင္ေတာ့ မျဖစ္ေစခဲ့ခ်င္တာ တကယ္ပါ။


အခ်စ္ဦးဟုေျပာခ်င္ေပမယ့္ ထိုစကားလံုးမွာ

သူမႏွင့္မထိုက္တန္။

 စၿပီးခ်စ္ဖူးခဲ့သည္ဟုသာ ကၽြန္ေတာ္

သတ္မွတ္ခ်င္ပါသည္။

 ခ်စ္မယ္မုန္းမယ္ တြယ္တာျမတ္ႏိုးမယ္ဆိုေသာ ေဝါဟာရမ်ားကို ရင္ထဲကမပါပဲ

သံုးႏႈန္းရေတာ့မွာမို႔ ႏွင္းယုခိုင္ကိုေတာ့ 

အားနာမိပါသည္။


 အခ်စ္ေတာ့ျဖစ္ပါလိမ့္မည္။

ဒါေပမယ့္ အခ်စ္စစ္ဟုေတာ့

ေခါင္းစဉ္မတက္ခ်င္ေတာ့ဘူး....ႏွင္းယုခိုင္...။


အခန္း(၂)ဆက္ရန္..

စာေရးသူ..ေနမီး


❤️❤️❤️❤️❤️


(ႏွင္းယုခိုင္နဲ႔ရန္ပိုင္စိုးရဲ့ဇာတ္လမ္း

ဘာဆက္ျဖစ္မလဲ...)


ဖတ္ရႈအားေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို

ေက်းဇူးအထူးတင္ရိွပါတယ္။

Comments

Popular posts from this blog

အခန်း ( ၃ ) ကန္တာရ..ဆောင်း

အခန်း-၂ 💘ကန္တာရ..ဆောင်း💘