အခန်း ( ၃ ) ကန္တာရ..ဆောင်း
အခန်း ( ၃ )
ကန္တာရ..ဆောင်း
ကားကိုဆီထည့်အပြီး လမ်းထဲဘက်မောင်း
လာစဉ် အရက်အေးဂျင့်ဆိုင်တစ်ဆိုင်ကိုတွေ့တော့
ကားကို ရပ်ပစ်လိုက်မိသည်။ ကျွန်တော်ဘာဖြစ်လို့
ဒီနေရာမှာ ကားကိုရပ်ပစ်လိုက်သည်ဟု
ကိုယ့်ကိုယ်ကိုသိနေပါသည်။
တစ်ခါတလေတော့ မမျှော်လင့်ပဲ
ရောက်လာတဲ့ရင်ထဲက အနာကို ပယင်းရည်နဲ့
ဆေးပစ်မည်ဟု ရူးရူးမိုက်မိုက်တွေးလိုက်မိသည်။
သူငယ်ချင်းအပေါင်းအသင်းတွေနဲ့
စက်ရုံံဝန်ထမ်းရောင်းမောင်းကားသမား
ဘဝတုန်းက ပျော်သည်လည်းမဟုတ်
ဝမ်းနည်းသည်လည်းမဟုတ် လူငယ်တွေရဲ့
အပျော်တမ်းလုပ်သလိုမျိုး အရက်သေရည်များကို
တော်တော်များများသောက်မိခဲ့ဖူးသည်။
ယခုကားလေးတစ်စီးဝယ်ပြီး အိမ်လုံးကျဉ်းလေး
ငှါးကာ taxiသမားဘဝကိုရောက်ဖြစ်ခဲ့တော့ အရင်
လိုသူငယ်ချင်းတွေနဲ့ မဆုံဖြစ်ကြတာက
တစ်ကြောင်းလူကြီးဆန်သွားပြီး
ရင့်ကျက်လာသည်ကတစ်ကြောင်းတို့ကြောင့်
အရင်လိုအရက်သေစာများ
နှင့်ကင်းကွာခဲ့သည်မှာ လေးငါးနှစ်လောက်ပင်
ကြာခဲ့ပြီဖြစ်သည်။
မသောက်တော့ဖူးဟု ဆုံးဖြတ်ထား
ပေမယ့် ရင်ထဲမှာပြင်းပြင်းရှရှခံစားနေရသောဝေဒနာကြီးကို မူးရစ်ရီဝေစေသောဆေးတစ်မျိုးနဲ့ဖြေဖျောက်မှ ရလိမ့်မည်ဟု အသိဉာဏ်နိမ့်ပါးစွာ ကျွန်တော်ဆုံးဖြတ်လိုက်ပါသည်။
ညကတိုးတိုးတိတ်တိတ်လေး
လွမ်းစရာကောင်းလှပါသည်။
အဖော်ရှိရင်တော့ ကောင်းသားဟု
တွေးနေဖြစ်သေးသည်။ ပြောပြရင်ဖွင့်စရာစကား
တွေရှိလာခဲ့လျှင် အဖော်လေးနဲ့ဆို ခံစားချက်တွေ
ရင်ဖွင့်ခွင့်ရမည် ခံစားချက်တွေရင်ထဲမှာအနည်း
ငယ်လောက်တော့ ပေါ့ပါးသွားစေနိုင်ပါသည်။
ဘယ်သူမှမရှိလို့ တစ်ယောက်တည်း
အထီးကျန်ရမယ့် အဖြစ်ကိုလက်သင့်မခံချင်လို့ အခါးရည်လေးကို အဖော်အဖြစ်မော့ချလိုက်မိပြန်တော့ မူးရစ်ရီဝေမှုတို့နဲ့အတူ သူမ..ကိုမှ ပိုပြီးသတိရလာတယ်။
သူမ..ရဲ့ မျက်နှာလေးကိုပိုပြီး
တမ်းတနေမိတယ် သူမရဲ့အမူအယာလေးတွေက ရီဝေစမျက်လုံးထဲမှာ ပိုပြီးသက်ဝင်လှုပ်ရှားလာတော့တယ်။
နှင်း..ရယ် သိပ့်ရက်စက်တယ်..။
ကိုယ့်ကိုယ်ကို အချစ်ဆိုတဲ့အရာမျိုးနဲ့
လုံးဝကင်းကွာတဲ့လူသားလို့ ကိုယ်ပိုင်အသိစိတ်နဲ့ မှတ်ကျောက်တင်ထားဖြစ်ခဲ့ပေမယ့် တကယ်တမ်းအချစ်ရဲ့အနက်ရှိုင်းဆုံးအငွေ့အသက် ၊
အချစ်ရဲ့သက်ဝင်လှုပ်ရှားမှု၊ အချစ်ရဲ့တိုးဝင်စိမ့်ပျံ့လာသော သိမ်မွေ့လွန်းတဲ့ငြိတွယ်မူ
အရာအားလုံးကို ကိုယ့်ရဲ့အသွေးအသားဆီမှ ရုတ်တရက်လက်ခံလိုက်ပြီဆိုရင်တော့
အချစ်ကပေးတဲ့ ရင်အတွင်းထဲက
ဖြေသိပ့်မရနိုင်တဲ့ အရိုးအသည်းထဲထိ
တနင့်နင့်တမြတ်မြတ် စူးရှပဲ့ကြွေနင်းချေတဲ့
ဒဏ်ကိုအချစ်နဲ့ပက်သက်ဖူးသူတိုင်း
ကြုံတွေ့ခံစား ကြရမယ်ဆိုတာ
အချစ်ကိုလက်ဝယ်ပိုင်ဆိုင်ထားဖူးသူတိုင်း
သိမှာပါ..။
အချစ်က အဆိပ်တစ်ခုမဟုတ်ခဲ့ဘူးဆိုရင်
တောင် ခံစားချက်တွေကိုပိုမိုခက်ခဲစေတဲ့
အဆိပ်အတောက်တစ်ခုလို့တော့
ကျွန်တော်သတ်မှတ်ချင်တယ်။
အခက်မသင့်ရင် လူတစ်ယောက်အတွက်
ဆုံးခန်းတိုင်သွားစေသော ဘဝရဲ့ထွက်သက်ဝင်သက်တွေကိုပင် သူရဲ့ရက်စက်မှုနဲ့ အဆုံးသတ်
အမိန့်ကိုပေးနိုင်သော အရာပင်ဖြစ်သည်။
သူမရဲ့ဖုန်းနံပါတ်လေးကို တယုတယ
ငေးကြည့်နေမိသည်။
ရင်ထဲမှာနင့်ခနဲခံစားမိ၏။ဘယ်လိုကြောင့်
သူမနဲ့ထပ်တွေ့မှ ဝေဒနာတွေအသစ်ပြန်ဖြစ်ခဲ့ရတာ
လဲ။
မာယာတွေအထပ်ထပ်ရစ်သိုင်းထားတဲ့
နှင်းဆီဆူးပါလို့သိထားပါလျက် သိနေမြင်နေတဲ့စိတ်ကိုနှလုံးသားထဲမှာ ဘာလို့သိမ်းထားခွင့်ပြုလိုက်မိတာလဲ။
အသိဉာဏ်ရှိတဲ့ အတွေးအခေါ်တွေက နှလုံးသား
ရဲ့မိုက်မဲမှုကို တားဆီးဖို့အနိုင်မယူနိုင်တော့ဘူးဆိုတာ ကျွန်တော်လက်ခံလိုက်ရတော့မှာလား
နှင်းယုခိုင်။
မင်းရဲ့စိမ်းမြခါးသီးတဲ့ နာကျင်ခံရခက်မှုတွေကို
တစ်ခြားသူတွေထက်ပိုပြီး ငါ့ကိုပေးပစ်ခဲ့တာလား။
ကလဲ့စားချေရမယ့်သူက ငါပါ။
..နှင်း ဒါပေမယ့် အနင်းခြေခံလိုက်ရတာကလဲ
မင်းကိုမှစွဲလန်းမိနေတဲ့ ငါ့ရဲ့နှလုံးသားပါပဲ ။
မင်းသိနေပါရဲ့လား ။
မင်းမြင်နိုင်ပါရဲ့လား။
နှင်းယုခိုင် မင်းကတော့သွေးအေးအေး
နဲငါ့နှလုံးသားနုနုလေးကိုနှဲ့ရက်တယ် ။
မင်းမို့လုပ်ရပ်တယ်နှင်းရယ်။
ညတစ်ညက ဝေဒနာတွေတနင့်တပိုးနဲ့
သူ့အလိုလိုပြီးဆုံးသွားခဲ့ရပါသည်။
ဘယ်သူမှမသိသော ညတစ်ညမှာ
နှလုံးသားတစ်ခုရဲ့အော်သံကို
ကြောက်မက်ဖွယ်ရာလို့ မည်သူမှမသိလင့်ကစား ကျွန်တော်ကတော့ ဒဏ်ရာအိုင်ထဲမှာ နာနာကျင်ကျင်အော်မြည်နေခဲ့တဲ့ ရင်အနာရဆုံးလူသားအဖြစ် ဖြစ်တည်ကျန်ရစ်ခဲ့ရပါတယ် ။
ဘယ်သူမှမသိပါဘူး ။မင်းလည်းမသိခဲ့ပါဘူး
နှင်းရယ်။
"အစ်ကို.."
အိမ်နံဘေးမှကောင်လေးတစ်ယောက််ရဲ့ခေါ်
သံကြားတော့ ကျွန်တော် ကားရေတိုင်ဂီရေဖြည့်နေ
ရာမှ" ဘာလဲ.."ဟု ပြန်မေးဖြစ်လိုက်သည်။
" အမကြီးတစ်ယောက်က
အကို့ကိုဟိုလမ်းထိပ်မှာစောင့်နေမယ်တဲ့
အဲ့ဒါပြောခိုင်းလိုက်လို့ "
ကျွန်တော်စိတ်ထဲမှာ ဇဝေဇဝါဖြစ်သွားမိသည် ။
ရင်ထဲမှာလည်းထိတ်သွားမိ၏။
ကျွန်တော်နဲ့တွေ့ဖို့ မိန်းကလေးတစ်ယောက်
ကစောင့်နေတယ်တဲ့။
ဘယ်သူဖြစ်မလဲ။
ကျွန်တော့်ရင်ထဲမှာ စိုးရိမ်နေသလိုလို
ရင်တုန်နေသလိုလို ခံစားချက်ကြီးမှာ
တစ်မျိုးကြီးပင်ဖြစ်သည်။
ပြီးတော့ သူများဖြစ်မလားဆိုတဲ့
သံသယကလည်း အလိုလိုဖြစ်နေမိ၏။
"အေး..ညီလေး
အစ်ကိုအခုပဲကားထွက်တော့မယ် "
"ဟုတ်ကိုကြီး "
ကောင်လေးကပြောပြီး လမ်းမဆီ
ပြန်ထွက်သွားပါသည်။
ကျွန်တော်လည်းကားကိုစစ်စရာရှိတာ
အကုန်စစ်ပြီးပြီဖြစ်သောကြောင့် ကားစက်နှိုးကာ
ကားလေးကိုလမ်းမပေါ်သို့မောင်းထွက်လာခဲ့သည်။
အဝေးမှာလှမ်းမြင်နေရသော မြန်မာဆန်ဆန်
ချိတ်ထမိန်နှင့်ရင်ပုံးလေးကိုရိုးရိုးလေးနဲ့
လှပအောင်ဝတ်ဆင်ပြီး လမ်းထိပ်အုတ်ခုံလေးပေါ်မှာ သိမ်သိမ်မွေ့မွေ့လေး ကားလာရာဆီ
ငေးမျှော်််််််််ကြည့်နေသောမိန်းမလှလေးတစ်ယောက်ကို ကျွန်တော်လှမ်းမြင်နေရပါသည်။
အနီးနားရောက်တော့ ရပ်စောင့်နေသောသူမက လက်ပြပြီးကားကို ရပ်ခိုင်းလိုက်ပါသည် ။
"ကိုရန်မင်းစိုး ကျွန်မရွှေတိဂုံဘုရားကိုသွားချင်
လို့ လိုက်ပို့ပေးမှာလား.."
" နှင်းယုခိုင် "
ကျွန်တော့်မျက်ဝန်းတွေအံ့ဩစိတ်နဲ့
မှင်သက်မိသွားခဲ့ပါသည်။
" လိုက်ပို့ပေးမှာလား ကိုရန်မင်းစိုး
ကျွန်မတစ်ခြားTaxiမငှါးချင်လို့
ရှင်နေတဲ့ရက်ကွက်ကိုမနက်စောကြီးထဲကလာပြီးစောင့်နေတာ..စောင့်နေတာထက်
ကျွန်မရှင့်ကိုမျှော်နေတာဆိုပိုမှန်လိမ့်မယ်
ဘယ်လိုလည်း ကိုရန်မင်းစိုး
ကျွန်မကိုဘုရားလိုက်ပို့ချင်စိတ်ရှိရဲ့လား ..."
ဘာမှမသိသလို ဘာခံစားချက်မှမထည့်ထားသလို
နှလုံးသားဖြင့် ကျွန်တော့်ကိုလိုလိုချင်ချင်
ပြောဆိုနေသော သူမရဲ့မျက်နှာလေးက
ရွှင်လန်းတက်ကြွပြီး အပြစ်ကင်းစင်နေသလိုပင် ။
မမြင်တာ မတွေ့တာကြာပြီးဖြစ်သော
သူမရဲ့အပြုံးတွေက ကျွန်တော့်အတွက်တော့
အရင်လိုကြည်နူးတွယ်တာမှုကို အသစ်အသစ်
ပြန်ဖြစ်စေခဲ့ပြန်ပါသည်။
" ရပါတယ် နှင်းယုခိုင် "
ကျွန်တော်ကားအပြင်ဖက်ထွက်ကာ နောက်
ခန်းကားတံခါးကိုဖွင့်ပေးဖြစ်တော့ နှင်းယုခိုင်အလိုက်သင့်လေးကားပေါ်တက်လိုက်ပါသည်။
ကားတံခါးကိုညင်ညင်သာသာပိတ်ပေးပြီး ကျွန်တော်ကားမောင်းတဲ့နေရာသို့
ပြန်ထိုင်လိုက်ပါသည် ။
ကားတံခါးကိုဖွင့်ပေးစဉ်နှင့် သူမကားပေါ်
ဝင်လိုက်စဉ်အချိန်အတွင်းမှာ ကျွန်တော်
နှင်းယုခိုင်ရဲ့ မျက်နှာကိုစေ့စေ့မကြည့်ပဲနေသည် ။
မကြည့်ရဲမတွေ့ရဲသော စိတ်အတွင်းကဖြစ်ပေါ်နေတဲ့ နှလုံးသားရဲ့အားနည်းချက်ကိုသူမမြင်တွေ့သွားမှာကြောက်သည်။
ပြီးတော့ သူမနဲ့မျက်လုံးချင်းဆုံစည်းရမှာကိုလည်း
ကျွန်တော်ကြောက်နေပါသည် ။
မောင်းလာသောလမ်းတစ်လျှောက်လုံး
ကျွန်တော်သူမနှင့်ပက်သက်ဖူးသောကိစ္စ
သူမနဲ့တခြားတစ်ယောက်ကို
တွေ့မြင်ခဲ့ရသောကိစ္စများကို ဘယ်လို
အကြောင်းအရာမျိုးကိုမျှ နှုတ်ဟဖွင့်ဆိုပြောခဲ့ခြင်း
မရှိပဲ အလုပ်အပေါ် ကိုယ်မောင်းနေသော
ကားလမ်းကြောင်းအချိုးအကွေ့
လမ်းဆုံမီးပွိုင့်တွေကိုသာ
အာရုံစိုက်မိပါသည်။
တစ်ခါတရံ မီးပွိုင့်ဆီမှ နီရဲလာသောမီးပွိုင့်
စလိုက်အနီရောင်အချက်ပြမီးအလင်း
ရောင်ကိုပင် မဆီမဆိုင်မြင်မိရင်း သွားနေသော
နေရာ ရှေ့ဆက်တိုးနေသောခြေလှမ်းများကို ရပ်တန့်သူဟု အပြစ်ဆိုချင်နေမိပြန်သည်။
ကျွန်တော်လည်းသူမနဲ့တွေ့မှ အားနည်းလွန်းသောနှလုံးသားနဲ့အသိဉာဏ်နည်းသော ကိုယ့်စိတ်ကိုကိုယ်မနိုင်သော လူသားတစ်ယောက်ဖြစ်နေရလေပြီ ။
သူငယ်ချင်းဖြစ်သူပေါက်စအပေါ် အပြစ်ဆိုမိအပြစ်ဖို့မိသော စကားလုံးများအတွက်
ကျွန်တော်အလိုလိုတောင်းပန်နေမိပါသည်။
နှင်းယုခိုင်ကလည်း ကျွန်တော်နဲ့ပက်သက်သောအကြောင်းအရာ ဘယ်လိုသောပြောစကားကိုမျှ သူမနှုတ်ခမ်းမှထုတ်ဖော်ဖွင့်ဟလာခဲ့ခြင်းလည်း
မရှိပါ။
ယခင်ကတွေ့ခဲ့ကြုံခဲ့ဖြစ်ပျက်ဆက်နွယ်ခဲ့မိသော အကြောင်းအရာတစ်ချို့ကိုပင်
သူမ မေ့ပျောက်ထားခဲ့လေသလား ။
နှစ်ယောက်သားအရှိန်နဲ့ပြေးသွားနေသော
ကားတစ်စီးရဲ့အတွင်းမှာ ကိုယ်ဆီနှုတ်ဆိတ်
ငြိမ်သက်လျက် မသိခဲ့၊သူမတွယ်တာခဲ့ဖူးသူ
များသဖွယ် ပြုမူနေခဲ့ကြပါသည်။
ကားမောင်းနေစဉ်အမှတ်တမှတ်ကားအတွင်းနောက်ကြည့်မှန်ကိုကျွန်တော်ကြည့်မိလိုက်တော့ ကျွန်တော့်ဆီစူးစိုက်ကြည့်နေသော
နှင်းယုခိုင်ရဲ့မျက်ဝန်းများကို မြင်လိုက်ရပါသည်။
ကားပေါ်စတက်တုန်းက ဝင်းလဲ့ရွှန်းစိုလှသောမျက်ဝန်းတွေမှာ မထင်မှတ်ထားသော
မျက်ရည်ဥတွေတွဲခိုလျက်သား မြင်နေရသည်။
လက်မှကိုင်ထားသောလက်ကိုင်ပဝါလေးကို
နှုတ်ခမ်းအစပ်တွေကိုသုတ်ပစ်ရင်း
သူမမျက်နှာလေးလွှဲသွားတာကို
ကျွန်တော်စိတ်မကောင်းစွာ တွေ့သိခံစား
နေရပါသည်။
တွယ်တာခဲ့မိသူမို့ အလိုလိုနေရင်း
ရင်ထဲမှာနင့်စွာချစ်ခဲဖူးသူဖြစ်ပါလျက်
မနှစ်သိပ့်ပေးနိုင်သောအနေအထား အခြေအနေမို့ ကိုယ့်ကိုယ်ပင် အပြစ်တစ်ခုလုပ်မိနေသူတစ်ဦးဟု ခံယူမိပါတယ်။
"နှင်းယုခိုင်..."
ဘုရားအနောက်ဘက်မုတ်ရင်ပြင်အစပ်မှာ ကျွန်
တော်ကားကိုရပ်ပေးလိုက်ပါသည်။
သူမမျက်ဝန်းတွေမှာ စောစောကလို
မျက်ရည်ဥတွေ မတွေ့ရတော့။
အေးဆေးတည်ငြိမ်သောမျက်နှာထားဖြင့်
"ကိုရန်ပိုင်စိုးကျွန်မနဲ့ ဘုရားပေါ်လိုက်ခဲ့ပေးပါလား"
ပြောရင်းဆိုရင်း သူမမျက်ဝန်တွေက
ကျွန်တော့်ရဲ့ခွင့်ပြုချက်ထံအားကိုးတကြီး
မျှော်လင့်ပူပန်နေမိသော သူမရင်ထဲကဆန္ဒကို
ကျွန်တော့်ရင်ထဲမှာ မြင်သာထင်သာ
လာအောင် တောင်းပန်တိုးလျှိုးနေသလိုပင်
ကြည့်နေခဲ့ပါသည် ။
မျက်တောင်လေးတစ်ချက်
သူမပုတ်ခတ်လိုက်တိုင်း
မျက်ရည်ငွေ့လေးတွေ သူမမျက်တောင်မွှေး
အတွင်းသားလေးတွေဆီမှ ခိုတွယ်ပြိုကျလာတော့မည့်အလား ကျွန်တော်တွေ့မြင်ခံစားလို့ရနေပါသည်။
"ဒါဆိုကျွန်တော်ကားကို ပါကင်နေရာမှာသွားထိုးလိုက်အုံးမယ် နှင်း..."
ကျွန်တော့်ရဲ့ အလိုလိုထွက်ကျ
လာသော ရင်ထဲကခေါ်နေကျစကားဝေါဟာရလေး
တစ်ခုအပေါ် သူမရဲ့မျှောလင့်ချက်တွေ
ရှင်သန်ထမြောက်လာသလို ခံစားမူမျိုးဖြင့
သူမအကြည့်တွေချက်ချင်းလိုပင်
ရွှင်လန်းတက်ကြွလို့လာခဲ့ပါသည်။
နှင်းယုခိုင် ကျွန်တော့်ကိုဒီနေရာမှာ
ခဏစောင့်ပေးအုံးနော် ကျွန်တော့်ရဲ့
စကားကြောင့် သူမဆီမှအပြုံးနွေးနွေးလေးဖြင့် ကျွန်တော့်ကိုခေါင်းငြိမ့်ပြလိုက်ပါ
သည် ။
ကျွန်တော်လည်းကားရပ်လို့ရသော
နေရာဆီသို့ကားကိုမောင်းထွက်လာခဲ့ပါသည်။
အရင်နေ့တွေမှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ။
ယခုလက်ရှိပစ္စုပန်မှာတော့
ကြည်နူးနူးညံ့သော သူမရဲ့အမူအရာ
နွေးထွေးလွန်းလှသော စကားအသွားအလာတွေ သူမဆီမှ အပြစ်သားတစ်ယောက်လို
ကျွန်တော့်အပေါ် ဆက်ဆံပြုမူနေသော
ညှိုးငယ်လွန်းသောမျက်ဝန်းတွေ ဒါတွေကို
ထောက်ရူလျက် သူမဆီမှာနောက်ထပ်ပြောပြ
ကြားသိရမယ့် စကားလုံးများအတွက်
ကျွန်တော့်မှာကြည်နူးလွမ်းတစွာ
ကြားသိချင်စိတ်ဖြစ်နေမိ
ပါသည် ။
"ကျေးဇူးတင်ပါတယ်..နှင်း..ရယ် "
###### ##### ###### #######
ဘုရားရင်ပြင်ပေါ်ရောက်တော့ နှင်းယုခိုင်က
အရင်ဆုံးသူမဆီမှာပါလာသော ခေါက်ထီးကိုဖွင့်သည်။
ပြီးတော့ သူမရဲ့အနားမှာယှဉ်တွဲလျှောက်လာသော
ကျွန်တော့်ရဲ့ ခေါင်းပေါ်သို့ထီးလေးကို
မိုးပေးသည်။
"ရပါတယ် ကျွန်တော်ဒီအတိုင်းနေပါ့မယ်
နှင်းယုခိုင်ပဲလုံအောင်ဆောင်းပါ"
" နေတွေတအားပူနေတယ်လေ
ကိုရန်မင်းစိုးရဲ့ ကျွန်မအရက်အမောင်းနဲ့
မမှီ့တမီမိုးနေရတာမို့ အားတော့နာမိတယ် "
ကျွန်တော်နှင်းယုခိုင်ဆီပြုံးပြလိုက်သည်။
" ဒါဆိုကိုရန်မင်းစိုး ထီးကိုင်ပြီး
အတူဆောင်းရအောင်မိုးပေးလို့ရမလား"
သူမဆီမှနှုတ်ထွက်စကားလေးများမှာ
ပုခုံချင်းယှည်လျှောက်နေသော
ဘာမှမပက်သက်ပဲရှိနေသော လူနှစ်ဦးအဖို့ မျှော်လင့်ချက်တွေထံအလိုလိုစီးမျှောနေသော ကြူးနူးမှုတစ်စုံတရာထံကမ်းလင့်နေသလားလိုပင် ထင်မှတ်မှားနေမိပါသည်။
ကျွန်တော်လည်း နှင်းယုခိုင်ရဲ့ခိုင်းစေမှုအတိုင်း
အလိုက်သင့်ပင်သူမရဲ့လက်ထဲမှာထီးလေးကိုယူပြီး
ပူပြင်းသောနွေနေရောင်အောက် သူမရဲ့ဆံစမှ
တစ်ဆင့်ခန္ဓာကိုယ်လေးကို အေးမြသောအရိပ်အေးအေးလေးတစ်ခု ပထမဆုံးပေးခွင့်ရသောအခွင့်အရေးကိုလိုလိုချင်ချင်ရယူမိလိုက်ပါသည်။ ရင်ထဲမှာတော့ခံစားချက်ကအေးမြလွန်းလှသည်။
"ကိုရန်မင်းစိုး ကျွန်မတို့ဘုရားကိုတစ်ပတ်
အရင်ပတ်မယ်နော် ပြီးမှသက်ဆိုင်ရာ
နေ့နာမ်တွေဆီမှာ ရှစ်ခိုးကြမယ်လေ "
ကျွန်တော်နှင်းယုခိုင်ဆီခေါင်းညိမ့်ပြ
လိုက်ပါသည်။
"ပြီးတော့..ကိုရန်မင်းစိုးကိုင်ထားတဲ့
ဖိနပ်ကိုကျွန်မကိုပေးပါလား
ကျွန်မကိုင်ပေးပါရစေ..ကုသိုလ်ရတာပေါ့"
ပြုံးရောင်သန်းနေသောမျက်နှာ
ထားအေးအေးလေးဖြင့် ကျွန်တော့်ရဲ့
ခွင့်ပြုချက်ကိုမစောင့်ပဲ ကုသိုလ်ယူပါရစေ
ဆိုသော အသုံးစကားဖြင့်
ကျွန်တော့်လက်ဆီမှ ကိုင်ထားသောဖိနပ်တစ်ရံကို သူမဖိနပ်ထည့်ထားသော
ကျွတ်ကျွတ်အိပ်ထဲသို့ ပေါင်းထည့်လိုက်ပါသည်။
ပြီးတော့မသိချင်ယောင်ဆောင်လျက်
ရှေ့ဘက်သို့တည်ငြိမ်လွန်းသောခြေလှမ်းများဖြင့် ဆက်လျှောက်နေခဲ့ပါသည်။
ယှည်တွဲလျှောက်နေရသဖြင့် သူမပုခုံးလေးနှင့်
ကျွန်တော့်ရဲ့အသားထိတွေ့မှုက
ဖွဖွလေးထိကပ်လာလိုက် ကွဲကွာသွားလိုက်ဖြင့်
နူးညံသောအထိအတွေ့မှာ ရင်တွေခုန်လာသလို
ရင်တွေပင်တုန်လှုပ်လာသလို
ခံစားပျော်ရွှင်နေခဲ့မိသည်။
ပြီးတော့သူမရဲ့လတ်ဆက်သင်းပျံသော
အမျိုးအမည်မသိရေမွှေးကိုယ်သင်းရနံ့လေးက
သူမမသိအောင် သတိလက်လွတ်နမ်းရှိုက်နေမိသောကျွန်တော်ရဲ့တိတ်တခိုးတွေ့ထိခံစားမူကြောင့်သူမကိုပင်အားနာနေမိသည် ။
မသိခင်နမ်းရှိုက်ဖို့ ခွင့်ပြုမိန့်မယူပဲရင်ထဲကဝေဒနာကိုသက်သာပေါ့ပါးသွားစေနိုင်သောအထိအတွေ့ကိုရယူမိသူမို့ ကျွန်တော်ပျော်ရွှင်ရပါတယ်။
* နှင်းယုခိုင်. . အားနာနာနဲ့လည်း
တောင်းပန်ပါတယ်*
စနေနေ့နာမ်ထောင့်ရောက်တော့ နှင်းယုခိုင်က
ကျွန်တော့်ကိုခဏစောင့်ဖို့ပြောပြီး
သတ်မှတ်ထားသောဘုရားရှစ်ခိုးဖို့ရန်
နေရာလေးမှာ သိမ်သိမ်မွေ့မွေ့လေး
ထိုင်လျက်ဘုရားရှစ်ခိုးနေပါသည်။
အတန်ကြာအောင်ရှစ်ခိုးပြီးနောက်
ရေသပ္ပါယ်ရန်ဆင်းထုနားသို့
သွားပြီး ရေသပ္ပါယ်ပူဇော်နေသောဟန်ပန်များကို
ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကျွန်တော်မြင်နေရသည်။
ယခုလို သူမရဲ့သိမ်မွေ့မှုတွေ ဘာသာတရားအပေါ်
ရိုသေကိုင်းရှိုင်းမှုတွေကို မျက်မြင်ကိုယ်တွေ့
မြင်နေသိနေရတော့ ရင်ထဲမှာအလိုလို
အေးချမ်းလာသယောင်ခံစားပီတိဖြစ်နေမိပါသည်။
"ကိုရန်မင်းစိုး သွားကြမယ်"
" ပြီးပြီလား.."
သူမကခေါင်းလေးညိမ့်ပြတော့ သူမရဲ့ခေါင်းပေါ်ကိုအလိုလိုရောက်လာသော ထီးလေးကို
မော့ကြည့်ပြီး ကျွန်တော့်ကိုပြုံးပြသည်။
ကျွန်တော်လည်းသူမနဲ့ထပ်တူ
ပြုံးပြရင်း နှစ်ယောက်သားဆက်လျှောက်လာခဲ့ကြ
သည် ။
"ကိုရန်မင်းစိုးကို သဘောကျလို့"
" ..ဗျာ..."
သူမအသံလေး.. ခစ်ခနဲမြည်အောင်
ရယ်လိုက်သည် ။
"တခြားဟာမဟုတ်ပါဘူး ကျွန်မတစ်ခါပဲ
ပြောပေးရတယ်
နေမထိအပူမရောက်အောင် မိုးပေးတဲ့ထီးလေး
တစ်လက်ရဲ့တာဝန်ကိုကျေပွန်နေတာကို
ကျေးဇူးတင်မိလို့ပါ
အားမနာပဲပွင့်ပွင့်လင်းလင်း ပြောရရင်
ကိုရန်မင်းစိုးက ကျွန်မအပေါ်အားနာလို့
တာဝန်အရဆိုတာထက် ရင်ထဲကလိုလိုလားလားပေးချင်တဲ့ စေတနာအရလို့ ကျွန်မသတ်မှတ်ချင်တယ်
ကျွန်မပြောတာဟုတ်လား ကိုရန်မင်းစိုး "
ကျွန်တော်ဘာမှပြန်မပြောပြဖြစ်
ရင်ထဲမှာအချိန်အတိုင်းအတာတစ်ခုလောက်အထိ မျိုသိပ်ထားနေရသောလူတစ်ယောက်ရဲ့
ကျိုးကျောင်းဆီလျော်ခြင်းမရှိတဲ့
အခွင့်အရေးတစ်စုံံတစ်ရာကို မသိနားမလည်စွာ အရယူမိလိုက်တဲ့အပြစ်အမှားမျိုးနောက်တစ်ခါ
မကျူးလွန်မိဖို့ ကိုယ့်ကိုယ်ကို သတိရှိလျက်
ရင်နင့်စွာအောင့်အီးနေရခြင်းမျိုးဟု
သူမကို ရင်ဖွင့်ပြောပြချင်မိသည်။
ကျွန်တော်သူမမျက်ဝန်းတွေကို ယှည်တွဲ
သွားနေလျက်မှငေးစိုက်ကြည့်နေမိသည် ။
သူမမျက်ဝန်းလေးတစ်ချက်ခတ်လိုက်တာကိုလည်း ရင်ခုန်စိတ်မောစွာနီးနီးကပ်ကပ်မြင်တွေ့ခွင့်ရနေပါသည်။
သူမကတော့ ကျွန်တော့်ကိုပြန်မကြည့်
ရှေ့တူရူးဘက်ဆီသို့သာ မျက်နှာမူထားသည်။
"ကိုရန်မင်းစိုး ပျော်လား
ခုလိုကျွန်မနဲ့ဘုရားမှာအတူယှဉ်တွဲသွားရလို့
ပျော်လား.. ဟင်"
သူမရဲ့အမေးစကားကို ကျွန်တော်
ဘာပြန်ပြောရမလဲမသိ။
ပြောပြဖို့ နှုတ်ထွက်စကားတွေသူမနဲ့
စတွေ့ကတည်းက ခုချိန်ထိဆွံအနေမှန်းလည်း
သူမရိပ်မိနေမှာကို ကျွန်တော်သိနေပါသည်။
ဘာမှမပြောပဲငြိမ်သက်တိတ်ဆိတ်နေမိတဲ့အတွက်သူမကို ရင်ထဲကအလိုလိုပင်
တောင်းပန်တိုးလျှိုးနေမိတာကို
သူမနားလည်ပေးနိုင်ပါ့မလားလို့
စိုးရိမ်စိတ်ဝင်မိနေတာတော့ အမှန်ပင်။
* နားလည်ပေးပါ..နှင်း...*
"ကိုရန်မင်းစိုးပျော်မယ်မပျော်ဘူးဆိုတာ
ကျွန်မမခန့်မှန်းတတ်ပေမယ့်
ကျွန်မကိုရန်မင်းစိုးနဲ့ခုလို ဘုရားကိုလာရတာ အရမ်းပျော်တာပဲ
ကျေးဇူးတင်ပါတယ်နော်ကိုရန်မင်းစိုး
ဟိုမှာ ဗုဒ္ဓဟူးထောင့်တောင်ရောက်နေပြီ
ကိုရန်မင်းစိုးဆီက ထီးကိုကျွန်မဆီ
ပေးထားခဲ့လိုက်လေ"
နှင်းယုခိုင်ပြောသလို ထီးကိုနှင်းယုခိုင်ထံ
ခဏပေးထားခဲ့ပြီး ကျွန်တော်ဘုရားဝတ်ပြုလိုက်ပါ
သည် ။
ခဏကြာအောင်ရှစ်ခိုးတာတွေလုပ်ပြီးနောက်
နှင်းယုခိုင်ဆီပြန်ရောက်တော့
"ကျွန်တော့်ကိုထီးပြန်ပေးလေနှင်းယုခိုင်"
နှင်းယုခိုင်ကထီးကို ကျွန်တော့်လက်ထဲသို့
ပြန်ပေးသည်။
" တစ်ခုပြောစရာရှိတယ် သိလားကိုရန်ပိုင်စိုး
ကျွန်မကစနေသမီး ကိုရန်ပိုင်စိုးက
ဗုဒ္ဓဟူးသားဆိုတော့ စနေဗုဒ္ဓဟူး
ရူးတောင်ထမင်းမငတ်ဘူးတဲ့ဆိုရိုးစကားလေး
သွားသတိရမိလို့"
သူမဘာသာပြောရင်းဆိုရင်း
ရယ်နေပြန်ပါသည် ။
ခုလိုပြောလာတဲ့သူမရဲ့စကားအပေါ်
ကျေနပ်မိပေမယ့် ကျွန်တော့်အဖို့
သူမအရှေ့မှာ အနေရအထိုင်ရတော့
အတော်ပင်ခက် လွန်းလှသည်။
"ကျွန်မတို့အရိပ်ရမယ့်တစ်နေရာရာကို
သွားကြမယ်လေကျွန်မကိုရန်မင်းစိုးကို
ပြောစရာစကားတွေအများကြီးရှိတယ်"
ပြောပြဖွင့်ဆိုဖို့ခက်လွန်းလှသော မာယာမပါတဲ့ အဆိပ်မလူးသောစကားဝေါဟာရတွေသာ
သူမနှုတ်ခမ်းမှ ပြောပြရင်ဖွင့်လာပါစေလို့
ကျွန်တော်ဆုတောင်းနေမိသည် ။
နှင်းယုခိုင်နဲ့ အခုလိုသွားနေရသော
တဒင်္ဂဆိုသည်မှာ ကျွန်တော့်အတွက်
အိုအေစစ်တစ်ခုပမာ နွေးထွေးကြည်နူးခဲ့ရသည်
ဆိုပေမယ့် ဘာဖြစ်လာမှန်းမသိသေးသော
စကားများကိုတော့ ဝေဒနာတစ်ရပ်အဖြင့်
* ရင်ဘက်ထဲမှာ တွဲချိတ်ဆင်မြန်းပေးဖို့
အမိန့်တစ်ခု မြှားတစ်စင်းပမာ
ဒဏ်ရာတော့ မချန်ထားခဲ့လိုက်ပါနဲ့ ...နှင်း
ကျွန်တော်ကြိုပြီး တောင်းပန်ပါတယ်*
#### ##### #####
ဘုရားပေါ်အတက်အဆင်းစက်လှေကားတွေရှိတဲ့
စောင်းတန်းနဘေးခပ်လှမ်းလှမ်းဆီမှ
အုတ်လှေကားအဆင့်တွေထပ်မှာ နှင်းယုခိုင်နဲ့ကျွန်တော်လက်ရမ်းဟိုဘက်ဒီဘက်ဆီမှ မျက်နှာချင်းဆိုင်အနေအထားဖြင့်
ခပ်ခွါခွါထိုင်ဖြစ်ကြသည်။
ခပ်လှမ်းလှမ်းဆီမှဘုရားရင်ပြင်ပေါ်အတက်အဆင်းပြုနေကြသော လူများမှာလည်း
အရင်လောက်တော့မများတော့ပဲ အနည်းငယ်
ကြဲပါးသွားသည်ဟု ထင်မိပါသည်။
နေပျောက်လုံးဝမထိုးပဲ အရိပ်အာဝသ
ကောင်းအောင်ကျွန်တော်တို့နှစ်ဦးရဲ့ ဦးခေါင်းအထက်အမြင့်ဆီမှာသရက်ပင်အိုကြီးက ထီးထီးကြီးအုပ်မိုးပေးထားခဲ့
ပါသည်။
"သူ့..နာမည်က ထွန်းမင်းလတ်.. တဲ့ "
နှစ်ယောက်သားတိတ်ဆိတ်နေရာမှ
ပထမဆုံးအကြိမ် နှင်းယုခိုင်ရဲ့
နှုတ်ခမ်းပွင့်လွှာနုနုလေးဆီမှ ထွက်ကျလာသော
ကျွန်တော်မသိသည့် သူစိမ်းယောကျ်ားလေး
တစ်ဦးရဲ့ အမည်နာမတစ်ခု...
"အဲ့နေ့က..ကျွန်မ ကိုရန်မင်းစိုး taxiနဲ့မှ
တိုက်တိုက်ဆိုင်ဆိုင်ကြုံရလိမ့်မယ်လို့
မထင်ထားခဲ့မိဘူး..
ကျွန်မစိတ်မကောင်းပါဘူး အရမ်းလည်း
ဝမ်းနည်းသွားမိတယ် တောင်းပန်ပါတယ်
ကိုရန်မင်းစိုး ကျွန်မကိုရန်မင်းစိုးမြင်သလို
ထင်သလို မိန်းမမျိုးတော့မဟုတ်ဘူးဆိုတာ
ကိုရန်မင်းစိုးကိုသိစေချင်လို့ပါ"
ကျွန်တော်ခေါင်းမော့ကာ သရက်ပင်အိုကြီးရဲ့
ရွက်ဝါလေးတွေ တွဲခိုနေသော
အကိုင်းအခက်များဆီ တွေတွေဝေဝေ
ငေးစိုက်ကြည့်နေမိသည်။
ငေးကြည့်နေမိစဉ်အတောအတွင်းမှာပဲ
လွမ်းမောစွာကြွေကျလာသော
သစ်ရွက်ဝါလေးတစ်ရွက်က လေထဲမှာ
ချာလည်လည််််ရင်း ဝေ့ဝဲစွာကျွန်တော့်နဘေးဆီသို့ လာကျသည်။
ကျွန်တော်သစ်ရွက်ဝါလေးကို ရင်နင့်စွာ
ကောက်ကိုင်လိုက်၏။
"ကျွန်တော် နှင်းယုခိုင်ကို အဲသည်လို
မထင်ရက်ပါဘူး
အဲ့သည်လိုထင်မြင်ယူစမှုမျိုးနဲ့ နှင်းယုခိုင်အပေါ်
ကျွန်တော်မစွပ်စွဲရက်ဘူးဆိုတာ ယုံပါ.. တစ်ယောက်ယောက်ရဲ့ ရင်ခွင်ထဲမှာ
ပျော်ပိုက်နေတဲ့ မိန်းကလေးတစ်ယောက်ဆီတိုင်းကို မကောင်းဘူးလို့
ပြောနိုင်ရလောက်အောင်လည်း
ကျွန်တော်နှင်းယုခိုင်ရဲ့ ချစ်ခြင်းမေတ္တာကို
ပိုင်ဆိုင်ခဲ့တာမဟုတ်ဘူးလေ
ဘာမှမဖြစ်လာနိုင််််တော့ဘူးလို့
ငြင်းပယ်ခံလိုက်ရတဲ့
လူတစ်ယောက်အတွက်
မကောင်းဘူးကောင်းတယ်
မကြိုက်ဘူးကြိုက်တယ်ဆိုတဲ့ ပြောပြပိုင်ခွင့်မျိုး
နှင်းယုခိုင်ဆီက ကျွန်တော်ထံမပေးခဲ့သလို
ကျွန်တော်လည်းရယူတားဆီး
အပြစ်ပြောပိုင်ခွင့်မရှိခဲ့ပါဘူး
ကျွန်တော်တို့နှစ်ယောက်က
တွယ်တာမူမျိုးအဆင့်ထိမရောက်ခဲ့ရတဲ့
သူစိမ်းတွေပါ နှင်းယုခိုင်
ကျွန်တော့်မှာ နှင်းယုခိုင်အပေါ် သဝန်တိုပိုင်ခွင်
ချုပ်ချယ်ပိုင်ခွင့်ဆိုတဲ့ စကားဝေါဟာရမျိုး
မပြောနဲ့ စိတ်ကူးနဲ့တောင် ပိတ်ပင်ခွင့်မရှိခဲ့ပါဘူး ကျွန်တော်ကနှင်းယုခိုင်အတွက် အကျုံးမဝင်ပါဘူး"
ကျွန်တော့်စကားကြောင့် နှင်းယုခိုင်
မျက်ရည်ကျသည်။
ကျွန်တော်လည်းမျက်ရည်ဝဲရသည် ။
"ကျွန်မကိုနှင်း..လို့ ခေါ်ပါလား
ကိုရန်မင်းစိုးရယ်.."
မျက်ရည်တွေကြားထဲမှ အေးမြသော
နှင်းတစ်ပွင့်အဖြင့် သူ့ကိုသူကဗျည်းတပ်ဖို့
ကျွန်တော့်ထံ တောင်းခံခွင့်ပန်နေသော
မိန်းမလှလေးတစ်ယောက် ကျွန်တော့်ရဲ့
မျက်ရည်စို့လုလုရီဝေဝေမျက်ဝန်းတွေက
တစ်ဆင့်သူမရဲ့မျက်နှာပြင်ထက်မှ မျက်ရည်တွေကို ရင်ဆိုင်ပစ်လိုက်သည်။
"ခေါ်ဖို့လိုနေသေးလို့လားဗျာ..
သူများအမြတ်တနိုးနဲ့ခေါ်ခဲ့ပြီးပြီပဲ
ကျွန်တော်ဒုတိယအကြိမ်ထပ်ခေါ်ဖို့
ဒုတိယအကြိမ် ထပ်ရင်နာရအုံးမှာတဲ့လား "
သူမဆီမှနင့်..ခနဲ ငိုရှိုက်သံလေးတစ်ခုကို
ကျွန်တော့်နှလုံးသားနဲ့ နီးကပ်စွာကြားလိုက်ရသည်။
အခုမှ ကျွန်တော်တကယ်ရင်နာသွားရသည်။
" ပြောပါ ကိုရန်မင်းစိုးရယ်"
နှင်းယုခိုင်ရဲ့မျက်နှာလေး ကျွန်တော်ရှိသော
ဘက်ဆီမှ တခြားဘက်သို့လှည့်သွားသည်
ဆံနွယ်တွေအုပ်မိုးထားသော သူမရဲ့ကျောပြင်ဆီငေးမောလျက်ကျွန်တော်စိတ်မကောင်းဖြစ်ရသည်။
ကျွန်တော့်ရှေ့မှာ မျက်နှာကွယ်လျက်
တစ်ဖက်လှည့်ပြီး မျက်ရည်သုတ်နေရသော
ချစ်မိသူတစ်ယောက်ကို မြင်နေရသော
နှလုံးသားတစ်စုံရဲ့ နက်နက်ရှိုင်းရှိုင်းနာကျင်ခံရခက်မူမျိုး ဘယ်လိုငရဲမှ အခုလောက်
မပူပါတော့ဘူး..နှင်း..ရယ် ။
* ပြောပြရင်ဖွင့်ဖို့စကား
လုံးတွေမရှိသလို ပြောပြပေါက်ကွဲဖို့
အကြောင်းအရာတွေကလည်းခိုင်လုံသော
ဆုံဆည်းမူတွေက ကျဉ်းမြောင်းလွန်းလှသဖြင့်
ခံရသူတစ်စုံတစ်ယောက်ရဲ့မျက်ရည်တွေကို
သိသိကြီးနဲ့ ငို..ချင်သလို ငိုခိုင်းဖို့
မတိုက်တွန်းရက်တော့ပါဘူး ကျွန်တော်
ပါရော ငိုမိတောမယ်..နှင်း..*
အခန်း..၄ဆက်ရန်..
စာရေးသူ..နေမီး
##### ###### ##
========================================================================
အခန္း ( ၃ )
ကႏၲာရ..ေဆာင္း
ကားကိုဆီထၫ့္အၿပီး လမ္းထဲဘက္ေမာင္း
လာစဉ္ အရက္ေအးဂ်င့္ဆိုင္တစ္ဆိုင္ကိုေတြ့ေတာ့
ကားကို ရပ္ပစ္လိုက္မိသည္။ ကၽြန္ေတာ္ဘာျဖစ္လို႔
ဒီေနရာမွာ ကားကိုရပ္ပစ္လိုက္သည္ဟု
ကိုယ့္ကိုယ္ကိုသိေနပါသည္။
တစ္ခါတေလေတာ့ မေမ်ွာ္လင့္ပဲ
ေရာက္လာတဲ့ရင္ထဲက အနာကို ပယင္းရည္နဲ႔
ေဆးပစ္မည္ဟု ရူးရူးမိုက္မိုက္ေတြးလိုက္မိသည္။
သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔
စက္ရံုံဝန္ထမ္းေရာင္းေမာင္းကားသမား
ဘဝတုန္းက ေပ်ာ္သည္လည္းမဟုတ္
ဝမ္းနည္းသည္လည္းမဟုတ္ လူငယ္ေတြရဲ့
အေပ်ာ္တမ္းလုပ္သလိုမ်ိဳး အရက္ေသရည္မ်ားကို
ေတာ္ေတာ္မ်ားမ်ားေသာက္မိခဲ့ဖူးသည္။
ယခုကားေလးတစ္စီးဝယ္ၿပီး အိမ္လံုးက်ဉ္းေလး
ငွါးကာ taxiသမားဘဝကိုေရာက္ျဖစ္ခဲ့ေတာ့ အရင္
လိုသူငယ္ခ်င္းေတြနဲ႔ မဆံုျဖစ္ၾကတာက
တစ္ေၾကာင္းလူႀကီးဆန္သြားၿပီး
ရင့္က်က္လာသည္ကတစ္ေၾကာင္းတို႔ေၾကာင့္
အရင္လိုအရက္ေသစာမ်ား
ႏွင့္ကင္းကြာခဲ့သည္မွာ ေလးငါးႏွစ္ေလာက္ပင္
ၾကာခဲ့ၿပီျဖစ္သည္။
မေသာက္ေတာ့ဖူးဟု ဆံုးျဖတ္ထား
ေပမယ့္ ရင္ထဲမွာျပင္းျပင္းရွရွခံစားေနရေသာေဝဒနာႀကီးကို မူးရစ္ရီေဝေစေသာေဆးတစ္မ်ိဳးနဲ႔ေျဖေဖ်ာက္မွ ရလိမ့္မည္ဟု အသိဉာဏ္နိမ့္ပါးစြာ ကၽြန္ေတာ္ဆံုးျဖတ္လိုက္ပါသည္။
ညကတိုးတိုးတိတ္တိတ္ေလး
လြမ္းစရာေကာင္းလွပါသည္။
အေဖာ္ရိွရင္ေတာ့ ေကာင္းသားဟု
ေတြးေနျဖစ္ေသးသည္။ ေျပာျပရင္ဖြင့္စရာစကား
ေတြရိွလာခဲ့လ်ွင္ အေဖာ္ေလးနဲ႔ဆို ခံစားခ်က္ေတြ
ရင္ဖြင့္ခြင့္ရမည္ ခံစားခ်က္ေတြရင္ထဲမွာအနည္း
ငယ္ေလာက္ေတာ့ ေပါ့ပါးသြားေစႏိုင္ပါသည္။
ဘယ္သူမွမရိွလို႔ တစ္ေယာက္တည္း
အထီးက်န္ရမယ့္ အျဖစ္ကိုလက္သင့္မခံခ်င္လို႔ အခါးရည္ေလးကို အေဖာ္အျဖစ္ေမာ့ခ်လိုက္မိျပန္ေတာ့ မူးရစ္ရီေဝမႈတို႔နဲ႔အတူ သူမ..ကိုမွ ပိုၿပီးသတိရလာတယ္။
သူမ..ရဲ့ မ်က္ႏွာေလးကိုပိုၿပီး
တမ္းတေနမိတယ္ သူမရဲ့အမူအယာေလးေတြက ရီေဝစမ်က္လံုးထဲမွာ ပိုၿပီးသက္ဝင္လႈပ္ရွားလာေတာ့တယ္။
ႏွင္း..ရယ္ သိပ့္ရက္စက္တယ္..။
ကိုယ့္ကိုယ္ကို အခ်စ္ဆိုတဲ့အရာမ်ိဳးနဲ႔
လံုးဝကင္းကြာတဲ့လူသားလို႔ ကိုယ္ပိုင္အသိစိတ္နဲ႔ မွတ္ေက်ာက္တင္ထားျဖစ္ခဲ့ေပမယ့္ တကယ္တမ္းအခ်စ္ရဲ့အနက္ရိႈင္းဆံုးအေငြ့အသက္ ၊
အခ်စ္ရဲ့သက္ဝင္လႈပ္ရွားမႈ၊ အခ်စ္ရဲ့တိုးဝင္စိမ့္ပ်ံ႔လာေသာ သိမ္ေမြ့လြန္းတဲ့ၿငိတြယ္မူ
အရာအားလံုးကို ကိုယ့္ရဲ့အေသြးအသားဆီမွ ရုတ္တရက္လက္ခံလိုက္ၿပီဆိုရင္ေတာ့
အခ်စ္ကေပးတဲ့ ရင္အတြင္းထဲက
ေျဖသိပ့္မရႏိုင္တဲ့ အရိုးအသည္းထဲထိ
တနင့္နင့္တျမတ္ျမတ္ စူးရွပဲ့ႂကြေနင္းေခ်တဲ့
ဒဏ္ကိုအခ်စ္နဲ႔ပက္သက္ဖူးသူတိုင္း
ႄကံုေတြ့ခံစား ၾကရမယ္ဆိုတာ
အခ်စ္ကိုလက္ဝယ္ပိုင္ဆိုင္ထားဖူးသူတိုင္း
သိမွာပါ..။
အခ်စ္က အဆိပ္တစ္ခုမဟုတ္ခဲ့ဘူးဆိုရင္
ေတာင္ ခံစားခ်က္ေတြကိုပိုမိုခက္ခဲေစတဲ့
အဆိပ္အေတာက္တစ္ခုလို႔ေတာ့
ကၽြန္ေတာ္သတ္မွတ္ခ်င္တယ္။
အခက္မသင့္ရင္ လူတစ္ေယာက္အတြက္
ဆံုးခန္းတိုင္သြားေစေသာ ဘဝရဲ့ထြက္သက္ဝင္သက္ေတြကိုပင္ သူရဲ့ရက္စက္မႈနဲ႔ အဆံုးသတ္
အမိန႔္ကိုေပးႏိုင္ေသာ အရာပင္ျဖစ္သည္။
သူမရဲ့ဖုန္းနံပါတ္ေလးကို တယုတယ
ေငးၾကၫ့္ေနမိသည္။
ရင္ထဲမွာနင့္ခနဲခံစားမိ၏။ဘယ္လိုေၾကာင့္
သူမနဲ႔ထပ္ေတြ့မွ ေဝဒနာေတြအသစ္ျပန္ျဖစ္ခဲ့ရတာ
လဲ။
မာယာေတြအထပ္ထပ္ရစ္သိုင္းထားတဲ့
ႏွင္းဆီဆူးပါလို႔သိထားပါလ်က္ သိေနျမင္ေနတဲ့စိတ္ကိုႏွလံုးသားထဲမွာ ဘာလို႔သိမ္းထားခြင့္ျပဳလိုက္မိတာလဲ။
အသိဉာဏ္ရိွတဲ့ အေတြးအေခၚေတြက ႏွလံုးသား
ရဲ့မိုက္မဲမႈကို တားဆီးဖို႔အႏိုင္မယူႏိုင္ေတာ့ဘူးဆိုတာ ကၽြန္ေတာ္လက္ခံလိုက္ရေတာ့မွာလား
ႏွင္းယုခိုင္။
မင္းရဲ့စိမ္းျမခါးသီးတဲ့ နာက်င္ခံရခက္မႈေတြကို
တစ္ျခားသူေတြထက္ပိုၿပီး ငါ့ကိုေပးပစ္ခဲ့တာလား။
ကလဲ့စားေခ်ရမယ့္သူက ငါပါ။
..ႏွင္း ဒါေပမယ့္ အနင္းေျခခံလိုက္ရတာကလဲ
မင္းကိုမွစဲြလန္းမိေနတဲ့ ငါ့ရဲ့ႏွလံုးသားပါပဲ ။
မင္းသိေနပါရဲ့လား ။
မင္းျမင္ႏိုင္ပါရဲ့လား။
ႏွင္းယုခိုင္ မင္းကေတာ့ေသြးေအးေအး
နဲငါ့ႏွလံုးသားႏုႏုေလးကိုႏွဲ႔ရက္တယ္ ။
မင္းမို႔လုပ္ရပ္တယ္ႏွင္းရယ္။
ညတစ္ညက ေဝဒနာေတြတနင့္တပိုးနဲ႔
သူ႔အလိုလိုၿပီးဆံုးသြားခဲ့ရပါသည္။
ဘယ္သူမွမသိေသာ ညတစ္ညမွာ
ႏွလံုးသားတစ္ခုရဲ့ေအာ္သံကို
ေၾကာက္မက္ဖြယ္ရာလို႔ မည္သူမွမသိလင့္ကစား ကၽြန္ေတာ္ကေတာ့ ဒဏ္ရာအိုင္ထဲမွာ နာနာက်င္က်င္ေအာ္ျမည္ေနခဲ့တဲ့ ရင္အနာရဆံုးလူသားအျဖစ္ ျဖစ္တည္က်န္ရစ္ခဲ့ရပါတယ္ ။
ဘယ္သူမွမသိပါဘူး ။မင္းလည္းမသိခဲ့ပါဘူး
ႏွင္းရယ္။
"အစ္ကို.."
အိမ္နံေဘးမွေကာင္ေလးတစ္ေယာက္္ရဲ့ေခၚ
သံၾကားေတာ့ ကၽြန္ေတာ္ ကားေရတိုင္ဂီေရျဖၫ့္ေန
ရာမွ" ဘာလဲ.."ဟု ျပန္ေမးျဖစ္လိုက္သည္။
" အမႀကီးတစ္ေယာက္က
အကို႔ကိုဟိုလမ္းထိပ္မွာေစာင့္ေနမယ္တဲ့
အဲ့ဒါေျပာခိုင္းလိုက္လို႔ "
ကၽြန္ေတာ္စိတ္ထဲမွာ ဇေဝဇဝါျဖစ္သြားမိသည္ ။
ရင္ထဲမွာလည္းထိတ္သြားမိ၏။
ကၽြန္ေတာ္နဲ႔ေတြ့ဖို႔ မိန္းကေလးတစ္ေယာက္
ကေစာင့္ေနတယ္တဲ့။
ဘယ္သူျဖစ္မလဲ။
ကၽြန္ေတာ့္ရင္ထဲမွာ စိုးရိမ္ေနသလိုလို
ရင္တုန္ေနသလိုလို ခံစားခ်က္ႀကီးမွာ
တစ္မ်ိဳးႀကီးပင္ျဖစ္သည္။
ၿပီးေတာ့ သူမ်ားျဖစ္မလားဆိုတဲ့
သံသယကလည္း အလိုလိုျဖစ္ေနမိ၏။
"ေအး..ညီေလး
အစ္ကိုအခုပဲကားထြက္ေတာ့မယ္ "
"ဟုတ္ကိုႀကီး "
ေကာင္ေလးကေျပာၿပီး လမ္းမဆီ
ျပန္ထြက္သြားပါသည္။
ကၽြန္ေတာ္လည္းကားကိုစစ္စရာရိွတာ
အကုန္စစ္ၿပီးၿပီျဖစ္ေသာေၾကာင့္ ကားစက္ႏိႈးကာ
ကားေလးကိုလမ္းမေပၚသို႔ေမာင္းထြက္လာခဲ့သည္။
အေဝးမွာလွမ္းျမင္ေနရေသာ ျမန္မာဆန္ဆန္
ခ်ိတ္ထမိန္ႏွင့္ရင္ပံုးေလးကိုရိုးရိုးေလးနဲ႔
လွပေအာင္ဝတ္ဆင္ၿပီး လမ္းထိပ္အုတ္ခံုေလးေပၚမွာ သိမ္သိမ္ေမြ့ေမြ့ေလး ကားလာရာဆီ
ေငးေမ်ွာ္္္္္္္္္ၾကၫ့္ေနေသာမိန္းမလွေလးတစ္ေယာက္ကို ကၽြန္ေတာ္လွမ္းျမင္ေနရပါသည္။
အနီးနားေရာက္ေတာ့ ရပ္ေစာင့္ေနေသာသူမက လက္ျပၿပီးကားကို ရပ္ခိုင္းလိုက္ပါသည္ ။
"ကိုရန္မင္းစိုး ကၽြန္မေရႊတိဂံုဘုရားကိုသြားခ်င္
လို႔ လိုက္ပို႔ေပးမွာလား.."
" ႏွင္းယုခိုင္ "
ကၽြန္ေတာ့္မ်က္ဝန္းေတြအံ့ဩစိတ္နဲ႔
မွင္သက္မိသြားခဲ့ပါသည္။
" လိုက္ပို႔ေပးမွာလား ကိုရန္မင္းစိုး
ကၽြန္မတစ္ျခားTaxiမငွါးခ်င္လို႔
ရွင္ေနတဲ့ရက္ကြက္ကိုမနက္ေစာႀကီးထဲကလာၿပီးေစာင့္ေနတာ..ေစာင့္ေနတာထက္
ကၽြန္မရွင့္ကိုေမ်ွာ္ေနတာဆိုပိုမွန္လိမ့္မယ္
ဘယ္လိုလည္း ကိုရန္မင္းစိုး
ကၽြန္မကိုဘုရားလိုက္ပို႔ခ်င္စိတ္ရိွရဲ့လား ..."
ဘာမွမသိသလို ဘာခံစားခ်က္မွမထၫ့္ထားသလို
ႏွလံုးသားျဖင့္ ကၽြန္ေတာ့္ကိုလိုလိုခ်င္ခ်င္
ေျပာဆိုေနေသာ သူမရဲ့မ်က္ႏွာေလးက
ရႊင္လန္းတက္ႂကျြပီး အျပစ္ကင္းစင္ေနသလိုပင္ ။
မျမင္တာ မေတြ့တာၾကာၿပီးျဖစ္ေသာ
သူမရဲ့အႃပံုးေတြက ကၽြန္ေတာ့္အတြက္ေတာ့
အရင္လိုၾကည္ႏူးတြယ္တာမႈကို အသစ္အသစ္
ျပန္ျဖစ္ေစခဲ့ျပန္ပါသည္။
" ရပါတယ္ ႏွင္းယုခိုင္ "
ကၽြန္ေတာ္ကားအျပင္ဖက္ထြက္ကာ ေနာက္
ခန္းကားတံခါးကိုဖြင့္ေပးျဖစ္ေတာ့ ႏွင္းယုခိုင္အလိုက္သင့္ေလးကားေပၚတက္လိုက္ပါသည္။
ကားတံခါးကိုညင္ညင္သာသာပိတ္ေပးၿပီး ကၽြန္ေတာ္ကားေမာင္းတဲ့ေနရာသို႔
ျပန္ထိုင္လိုက္ပါသည္ ။
ကားတံခါးကိုဖြင့္ေပးစဉ္ႏွင့္ သူမကားေပၚ
ဝင္လိုက္စဉ္အခ်ိန္အတြင္းမွာ ကၽြန္ေတာ္
ႏွင္းယုခိုင္ရဲ့ မ်က္ႏွာကိုေစ့ေစ့မၾကၫ့္ပဲေနသည္ ။
မၾကၫ့္ရဲမေတြ့ရဲေသာ စိတ္အတြင္းကျဖစ္ေပၚေနတဲ့ ႏွလံုးသားရဲ့အားနည္းခ်က္ကိုသူမျမင္ေတြ့သြားမွာေၾကာက္သည္။
ၿပီးေတာ့ သူမနဲ႔မ်က္လံုးခ်င္းဆံုစည္းရမွာကိုလည္း
ကၽြန္ေတာ္ေၾကာက္ေနပါသည္ ။
ေမာင္းလာေသာလမ္းတစ္ေလ်ွာက္လံုး
ကၽြန္ေတာ္သူမႏွင့္ပက္သက္ဖူးေသာကိစၥ
သူမနဲ႔တျခားတစ္ေယာက္ကို
ေတြ့ျမင္ခဲ့ရေသာကိစၥမ်ားကို ဘယ္လို
အေၾကာင္းအရာမ်ိဳးကိုမ်ွ ႏႈတ္ဟဖြင့္ဆိုေျပာခဲ့ျခင္း
မရိွပဲ အလုပ္အေပၚ ကိုယ္ေမာင္းေနေသာ
ကားလမ္းေၾကာင္းအခ်ိဳးအေကြ့
လမ္းဆံုမီးပြိုင့္ေတြကိုသာ
အာရံုစိုက္မိပါသည္။
တစ္ခါတရံ မီးပြိုင့္ဆီမွ နီရဲလာေသာမီးပြိုင့္
စလိုက္အနီေရာင္အခ်က္ျပမီးအလင္း
ေရာင္ကိုပင္ မဆီမဆိုင္ျမင္မိရင္း သြားေနေသာ
ေနရာ ေရ႔ွဆက္တိုးေနေသာေျခလွမ္းမ်ားကို ရပ္တန႔္သူဟု အျပစ္ဆိုခ်င္ေနမိျပန္သည္။
ကၽြန္ေတာ္လည္းသူမနဲ႔ေတြ့မွ အားနည္းလြန္းေသာႏွလံုးသားနဲ႔အသိဉာဏ္နည္းေသာ ကိုယ့္စိတ္ကိုကိုယ္မႏိုင္ေသာ လူသားတစ္ေယာက္ျဖစ္ေနရေလၿပီ ။
သူငယ္ခ်င္းျဖစ္သူေပါက္စအေပၚ အျပစ္ဆိုမိအျပစ္ဖို႔မိေသာ စကားလံုးမ်ားအတြက္
ကၽြန္ေတာ္အလိုလိုေတာင္းပန္ေနမိပါသည္။
ႏွင္းယုခိုင္ကလည္း ကၽြန္ေတာ္နဲ႔ပက္သက္ေသာအေၾကာင္းအရာ ဘယ္လိုေသာေျပာစကားကိုမ်ွ သူမႏႈတ္ခမ္းမွထုတ္ေဖာ္ဖြင့္ဟလာခဲ့ျခင္းလည္း
မရိွပါ။
ယခင္ကေတြ့ခဲ့ႄကံုခဲ့ျဖစ္ပ်က္ဆက္ႏြယ္ခဲ့မိေသာ အေၾကာင္းအရာတစ္ခ်ိဳ႕ကိုပင္
သူမ ေမ့ေပ်ာက္ထားခဲ့ေလသလား ။
ႏွစ္ေယာက္သားအရိွန္နဲ႔ေျပးသြားေနေသာ
ကားတစ္စီးရဲ့အတြင္းမွာ ကိုယ္ဆီႏႈတ္ဆိတ္
ၿငိမ္သက္လ်က္ မသိခဲ့၊သူမတြယ္တာခဲ့ဖူးသူ
မ်ားသဖြယ္ ျပဳမူေနခဲ့ၾကပါသည္။
ကားေမာင္းေနစဉ္အမွတ္တမွတ္ကားအတြင္းေနာက္ၾကၫ့္မွန္ကိုကၽြန္ေတာ္ၾကၫ့္မိလိုက္ေတာ့ ကၽြန္ေတာ့္ဆီစူးစိုက္ၾကၫ့္ေနေသာ
ႏွင္းယုခိုင္ရဲ့မ်က္ဝန္းမ်ားကို ျမင္လိုက္ရပါသည္။
ကားေပၚစတက္တုန္းက ဝင္းလဲ့ရႊန္းစိုလွေသာမ်က္ဝန္းေတြမွာ မထင္မွတ္ထားေသာ
မ်က္ရည္ဥေတြတဲြခိုလ်က္သား ျမင္ေနရသည္။
လက္မွကိုင္ထားေသာလက္ကိုင္ပဝါေလးကို
ႏႈတ္ခမ္းအစပ္ေတြကိုသုတ္ပစ္ရင္း
သူမမ်က္ႏွာေလးလႊဲသြားတာကို
ကၽြန္ေတာ္စိတ္မေကာင္းစြာ ေတြ့သိခံစား
ေနရပါသည္။
တြယ္တာခဲ့မိသူမို႔ အလိုလိုေနရင္း
ရင္ထဲမွာနင့္စြာခ်စ္ခဲဖူးသူျဖစ္ပါလ်က္
မႏွစ္သိပ့္ေပးႏိုင္ေသာအေနအထား အေျခအေနမို႔ ကိုယ့္ကိုယ္ပင္ အျပစ္တစ္ခုလုပ္မိေနသူတစ္ဦးဟု ခံယူမိပါတယ္။
"ႏွင္းယုခိုင္..."
ဘုရားအေနာက္ဘက္မုတ္ရင္ျပင္အစပ္မွာ ကၽြန္
ေတာ္ကားကိုရပ္ေပးလိုက္ပါသည္။
သူမမ်က္ဝန္းေတြမွာ ေစာေစာကလို
မ်က္ရည္ဥေတြ မေတြ့ရေတာ့။
ေအးေဆးတည္ၿငိမ္ေသာမ်က္ႏွာထားျဖင့္
"ကိုရန္ပိုင္စိုးကၽြန္မနဲ႔ ဘုရားေပၚလိုက္ခဲ့ေပးပါလား"
ေျပာရင္းဆိုရင္း သူမမ်က္ဝန္ေတြက
ကၽြန္ေတာ့္ရဲ့ခြင့္ျပဳခ်က္ထံအားကိုးတႀကီး
ေမ်ွာ္လင့္ပူပန္ေနမိေသာ သူမရင္ထဲကဆႏၵကို
ကၽြန္ေတာ့္ရင္ထဲမွာ ျမင္သာထင္သာ
လာေအာင္ ေတာင္းပန္တိုးလ်ိႈးေနသလိုပင္
ၾကၫ့္ေနခဲ့ပါသည္ ။
မ်က္ေတာင္ေလးတစ္ခ်က္
သူမပုတ္ခတ္လိုက္တိုင္း
မ်က္ရည္ေငြ့ေလးေတြ သူမမ်က္ေတာင္ေမႊး
အတြင္းသားေလးေတြဆီမွ ခိုတြယ္ၿပိဳက်လာေတာ့မၫ့္အလား ကၽြန္ေတာ္ေတြ့ျမင္ခံစားလို႔ရေနပါသည္။
"ဒါဆိုကၽြန္ေတာ္ကားကို ပါကင္ေနရာမွာသြားထိုးလိုက္အံုးမယ္ ႏွင္း..."
ကၽြန္ေတာ့္ရဲ့ အလိုလိုထြက္က်
လာေသာ ရင္ထဲကေခၚေနက်စကားေဝါဟာရေလး
တစ္ခုအေပၚ သူမရဲ့ေမ်ွာလင့္ခ်က္ေတြ
ရွင္သန္ထေျမာက္လာသလို ခံစားမူမ်ိဳးျဖင့
သူမအၾကၫ့္ေတြခ်က္ခ်င္းလိုပင္
ရႊင္လန္းတက္ႂကြလို႔လာခဲ့ပါသည္။
ႏွင္းယုခိုင္ ကၽြန္ေတာ့္ကိုဒီေနရာမွာ
ခဏေစာင့္ေပးအံုးေနာ္ ကၽြန္ေတာ့္ရဲ့
စကားေၾကာင့္ သူမဆီမွအႃပံုးေနြးေနြးေလးျဖင့္ ကၽြန္ေတာ့္ကိုေခါင္းၿငိမ့္ျပလိုက္ပါ
သည္ ။
ကၽြန္ေတာ္လည္းကားရပ္လို႔ရေသာ
ေနရာဆီသို႔ကားကိုေမာင္းထြက္လာခဲ့ပါသည္။
အရင္ေန့ေတြမွာ ဘာေတြပဲျဖစ္ခဲ့ျဖစ္ခဲ့ ။
ယခုလက္ရိွပစၥုပန္မွာေတာ့
ၾကည္ႏူးႏူးညံ့ေသာ သူမရဲ့အမူအရာ
ေနြးေထြးလြန္းလွေသာ စကားအသြားအလာေတြ သူမဆီမွ အျပစ္သားတစ္ေယာက္လို
ကၽြန္ေတာ့္အေပၚ ဆက္ဆံျပဳမူေနေသာ
ၫွိုးငယ္လြန္းေသာမ်က္ဝန္းေတြ ဒါေတြကို
ေထာက္ရူလ်က္ သူမဆီမွာေနာက္ထပ္ေျပာျပ
ၾကားသိရမယ့္ စကားလံုးမ်ားအတြက္
ကၽြန္ေတာ့္မွာၾကည္ႏူးလြမ္းတစြာ
ၾကားသိခ်င္စိတ္ျဖစ္ေနမိ
ပါသည္ ။
"ေက်းဇူးတင္ပါတယ္..ႏွင္း..ရယ္ "
###### ##### ###### #######
ဘုရားရင္ျပင္ေပၚေရာက္ေတာ့ ႏွင္းယုခိုင္က
အရင္ဆံုးသူမဆီမွာပါလာေသာ ေခါက္ထီးကိုဖြင့္သည္။
ၿပီးေတာ့ သူမရဲ့အနားမွာယွဉ္တဲြေလ်ွာက္လာေသာ
ကၽြန္ေတာ့္ရဲ့ ေခါင္းေပၚသို႔ထီးေလးကို
မိုးေပးသည္။
"ရပါတယ္ ကၽြန္ေတာ္ဒီအတိုင္းေနပါ့မယ္
ႏွင္းယုခိုင္ပဲလံုေအာင္ေဆာင္းပါ"
" ေနေတြတအားပူေနတယ္ေလ
ကိုရန္မင္းစိုးရဲ့ ကၽြန္မအရက္အေမာင္းနဲ႔
မမွီ႔တမီမိုးေနရတာမို႔ အားေတာ့နာမိတယ္ "
ကၽြန္ေတာ္ႏွင္းယုခိုင္ဆီႃပံုးျပလိုက္သည္။
" ဒါဆိုကိုရန္မင္းစိုး ထီးကိုင္ၿပီး
အတူေဆာင္းရေအာင္မိုးေပးလို႔ရမလား"
သူမဆီမွႏႈတ္ထြက္စကားေလးမ်ားမွာ
ပုခံုခ်င္းယွည္ေလ်ွာက္ေနေသာ
ဘာမွမပက္သက္ပဲရိွေနေသာ လူႏွစ္ဦးအဖို႔ ေမ်ွာ္လင့္ခ်က္ေတြထံအလိုလိုစီးေမ်ွာေနေသာ ၾကဴးႏူးမႈတစ္စံုတရာထံကမ္းလင့္ေနသလားလိုပင္ ထင္မွတ္မွားေနမိပါသည္။
ကၽြန္ေတာ္လည္း ႏွင္းယုခိုင္ရဲ့ခိုင္းေစမႈအတိုင္း
အလိုက္သင့္ပင္သူမရဲ့လက္ထဲမွာထီးေလးကိုယူၿပီး
ပူျပင္းေသာေနြေနေရာင္ေအာက္ သူမရဲ့ဆံစမွ
တစ္ဆင့္ခႏၶာကိုယ္ေလးကို ေအးျမေသာအရိပ္ေအးေအးေလးတစ္ခု ပထမဆံုးေပးခြင့္ရေသာအခြင့္အေရးကိုလိုလိုခ်င္ခ်င္ရယူမိလိုက္ပါသည္။ ရင္ထဲမွာေတာ့ခံစားခ်က္ကေအးျမလြန္းလွသည္။
"ကိုရန္မင္းစိုး ကၽြန္မတို႔ဘုရားကိုတစ္ပတ္
အရင္ပတ္မယ္ေနာ္ ၿပီးမွသက္ဆိုင္ရာ
ေန့နာမ္ေတြဆီမွာ ရွစ္ခိုးၾကမယ္ေလ "
ကၽြန္ေတာ္ႏွင္းယုခိုင္ဆီေခါင္းညိမ့္ျပ
လိုက္ပါသည္။
"ၿပီးေတာ့..ကိုရန္မင္းစိုးကိုင္ထားတဲ့
ဖိနပ္ကိုကၽြန္မကိုေပးပါလား
ကၽြန္မကိုင္ေပးပါရေစ..ကုသိုလ္ရတာေပါ့"
ႃပံုးေရာင္သန္းေနေသာမ်က္ႏွာ
ထားေအးေအးေလးျဖင့္ ကၽြန္ေတာ့္ရဲ့
ခြင့္ျပဳခ်က္ကိုမေစာင့္ပဲ ကုသိုလ္ယူပါရေစ
ဆိုေသာ အသံုးစကားျဖင့္
ကၽြန္ေတာ့္လက္ဆီမွ ကိုင္ထားေသာဖိနပ္တစ္ရံကို သူမဖိနပ္ထၫ့္ထားေသာ
ကၽြတ္ကၽြတ္အိပ္ထဲသို႔ ေပါင္းထၫ့္လိုက္ပါသည္။
ၿပီးေတာ့မသိခ်င္ေယာင္ေဆာင္လ်က္
ေရ႔ွဘက္သို႔တည္ၿငိမ္လြန္းေသာေျခလွမ္းမ်ားျဖင့္ ဆက္ေလ်ွာက္ေနခဲ့ပါသည္။
ယွည္တဲြေလ်ွာက္ေနရသျဖင့္ သူမပုခံုးေလးႏွင့္
ကၽြန္ေတာ့္ရဲ့အသားထိေတြ့မႈက
ဖြဖြေလးထိကပ္လာလိုက္ ကဲြကြာသြားလိုက္ျဖင့္
ႏူးညံေသာအထိအေတြ့မွာ ရင္ေတြခုန္လာသလို
ရင္ေတြပင္တုန္လႈပ္လာသလို
ခံစားေပ်ာ္ရႊင္ေနခဲ့မိသည္။
ၿပီးေတာ့သူမရဲ့လတ္ဆက္သင္းပ်ံေသာ
အမ်ိဳးအမည္မသိေရေမႊးကိုယ္သင္းရနံ႔ေလးက
သူမမသိေအာင္ သတိလက္လြတ္နမ္းရိႈက္ေနမိေသာကၽြန္ေတာ္ရဲ့တိတ္တခိုးေတြ့ထိခံစားမူေၾကာင့္သူမကိုပင္အားနာေနမိသည္ ။
မသိခင္နမ္းရိႈက္ဖို႔ ခြင့္ျပဳမိန႔္မယူပဲရင္ထဲကေဝဒနာကိုသက္သာေပါ့ပါးသြားေစႏိုင္ေသာအထိအေတြ့ကိုရယူမိသူမို႔ ကၽြန္ေတာ္ေပ်ာ္ရႊင္ရပါတယ္။
* ႏွင္းယုခိုင္. . အားနာနာနဲ႔လည္း
ေတာင္းပန္ပါတယ္*
စေနေန့နာမ္ေထာင့္ေရာက္ေတာ့ ႏွင္းယုခိုင္က
ကၽြန္ေတာ့္ကိုခဏေစာင့္ဖို႔ေျပာၿပီး
သတ္မွတ္ထားေသာဘုရားရွစ္ခိုးဖို႔ရန္
ေနရာေလးမွာ သိမ္သိမ္ေမြ့ေမြ့ေလး
ထိုင္လ်က္ဘုရားရွစ္ခိုးေနပါသည္။
အတန္ၾကာေအာင္ရွစ္ခိုးၿပီးေနာက္
ေရသပၸါယ္ရန္ဆင္းထုနားသို႔
သြားၿပီး ေရသပၸါယ္ပူေဇာ္ေနေသာဟန္ပန္မ်ားကို
ရင္ခုန္စိတ္လႈပ္ရွားဖြယ္ ကၽြန္ေတာ္ျမင္ေနရသည္။
ယခုလို သူမရဲ့သိမ္ေမြ့မႈေတြ ဘာသာတရားအေပၚ
ရိုေသကိုင္းရိႈင္းမႈေတြကို မ်က္ျမင္ကိုယ္ေတြ့
ျမင္ေနသိေနရေတာ့ ရင္ထဲမွာအလိုလို
ေအးခ်မ္းလာသေယာင္ခံစားပီတိျဖစ္ေနမိပါသည္။
"ကိုရန္မင္းစိုး သြားၾကမယ္"
" ၿပီးၿပီလား.."
သူမကေခါင္းေလးညိမ့္ျပေတာ့ သူမရဲ့ေခါင္းေပၚကိုအလိုလိုေရာက္လာေသာ ထီးေလးကို
ေမာ့ၾကၫ့္ၿပီး ကၽြန္ေတာ့္ကိုႃပံုးျပသည္။
ကၽြန္ေတာ္လည္းသူမနဲ႔ထပ္တူ
ႃပံုးျပရင္း ႏွစ္ေယာက္သားဆက္ေလ်ွာက္လာခဲ့ၾက
သည္ ။
"ကိုရန္မင္းစိုးကို သေဘာက်လို႔"
" ..ဗ်ာ..."
သူမအသံေလး.. ခစ္ခနဲျမည္ေအာင္
ရယ္လိုက္သည္ ။
"တျခားဟာမဟုတ္ပါဘူး ကၽြန္မတစ္ခါပဲ
ေျပာေပးရတယ္
ေနမထိအပူမေရာက္ေအာင္ မိုးေပးတဲ့ထီးေလး
တစ္လက္ရဲ့တာဝန္ကိုေက်ပြန္ေနတာကို
ေက်းဇူးတင္မိလို႔ပါ
အားမနာပဲပြင့္ပြင့္လင္းလင္း ေျပာရရင္
ကိုရန္မင္းစိုးက ကၽြန္မအေပၚအားနာလို႔
တာဝန္အရဆိုတာထက္ ရင္ထဲကလိုလိုလားလားေပးခ်င္တဲ့ ေစတနာအရလို႔ ကၽြန္မသတ္မွတ္ခ်င္တယ္
ကၽြန္မေျပာတာဟုတ္လား ကိုရန္မင္းစိုး "
ကၽြန္ေတာ္ဘာမျွပန္မေျပာျပျဖစ္
ရင္ထဲမွာအခ်ိန္အတိုင္းအတာတစ္ခုေလာက္အထိ မ်ိဳသိပ္ထားေနရေသာလူတစ္ေယာက္ရဲ့
က်ိဳးေက်ာင္းဆီေလ်ာ္ျခင္းမရိွတဲ့
အခြင့္အေရးတစ္စံုံတစ္ရာကို မသိနားမလည္စြာ အရယူမိလိုက္တဲ့အျပစ္အမွားမ်ိဳးေနာက္တစ္ခါ
မက်ူးလြန္မိဖို႔ ကိုယ့္ကိုယ္ကို သတိရိွလ်က္
ရင္နင့္စြာေအာင့္အီးေနရျခင္းမ်ိဳးဟု
သူမကို ရင္ဖြင့္ေျပာျပခ်င္မိသည္။
ကၽြန္ေတာ္သူမမ်က္ဝန္းေတြကို ယွည္တဲြ
သြားေနလ်က္မွေငးစိုက္ၾကၫ့္ေနမိသည္ ။
သူမမ်က္ဝန္းေလးတစ္ခ်က္ခတ္လိုက္တာကိုလည္း ရင္ခုန္စိတ္ေမာစြာနီးနီးကပ္ကပ္ျမင္ေတြ့ခြင့္ရေနပါသည္။
သူမကေတာ့ ကၽြန္ေတာ့္ကိုျပန္မၾကၫ့္
ေရ႔ွတူရူးဘက္ဆီသို႔သာ မ်က္ႏွာမူထားသည္။
"ကိုရန္မင္းစိုး ေပ်ာ္လား
ခုလိုကၽြန္မနဲ႔ဘုရားမွာအတူယွဉ္တဲြသြားရလို႔
ေပ်ာ္လား.. ဟင္"
သူမရဲ့အေမးစကားကို ကၽြန္ေတာ္
ဘာျပန္ေျပာရမလဲမသိ။
ေျပာျပဖို႔ ႏႈတ္ထြက္စကားေတြသူမနဲ႔
စေတြ့ကတည္းက ခုခ်ိန္ထိဆြံအေနမွန္းလည္း
သူမရိပ္မိေနမွာကို ကၽြန္ေတာ္သိေနပါသည္။
ဘာမွမေျပာပဲၿငိမ္သက္တိတ္ဆိတ္ေနမိတဲ့အတြက္သူမကို ရင္ထဲကအလိုလိုပင္
ေတာင္းပန္တိုးလ်ိႈးေနမိတာကို
သူမနားလည္ေပးႏိုင္ပါ့မလားလို႔
စိုးရိမ္စိတ္ဝင္မိေနတာေတာ့ အမွန္ပင္။
* နားလည္ေပးပါ..ႏွင္း...*
"ကိုရန္မင္းစိုးေပ်ာ္မယ္မေပ်ာ္ဘူးဆိုတာ
ကၽြန္မမခန႔္မွန္းတတ္ေပမယ့္
ကၽြန္မကိုရန္မင္းစိုးနဲ႔ခုလို ဘုရားကိုလာရတာ အရမ္းေပ်ာ္တာပဲ
ေက်းဇူးတင္ပါတယ္ေနာ္ကိုရန္မင္းစိုး
ဟိုမွာ ဗုဒၶဟူးေထာင့္ေတာင္ေရာက္ေနၿပီ
ကိုရန္မင္းစိုးဆီက ထီးကိုကၽြန္မဆီ
ေပးထားခဲ့လိုက္ေလ"
ႏွင္းယုခိုင္ေျပာသလို ထီးကိုႏွင္းယုခိုင္ထံ
ခဏေပးထားခဲ့ၿပီး ကၽြန္ေတာ္ဘုရားဝတ္ျပဳလိုက္ပါ
သည္ ။
ခဏၾကာေအာင္ရွစ္ခိုးတာေတြလုပ္ၿပီးေနာက္
ႏွင္းယုခိုင္ဆီျပန္ေရာက္ေတာ့
"ကၽြန္ေတာ့္ကိုထီးျပန္ေပးေလႏွင္းယုခိုင္"
ႏွင္းယုခိုင္ကထီးကို ကၽြန္ေတာ့္လက္ထဲသို႔
ျပန္ေပးသည္။
" တစ္ခုေျပာစရာရိွတယ္ သိလားကိုရန္ပိုင္စိုး
ကၽြန္မကစေနသမီး ကိုရန္ပိုင္စိုးက
ဗုဒၶဟူးသားဆိုေတာ့ စေနဗုဒၶဟူး
ရူးေတာင္ထမင္းမငတ္ဘူးတဲ့ဆိုရိုးစကားေလး
သြားသတိရမိလို႔"
သူမဘာသာေျပာရင္းဆိုရင္း
ရယ္ေနျပန္ပါသည္ ။
ခုလိုေျပာလာတဲ့သူမရဲ့စကားအေပၚ
ေက်နပ္မိေပမယ့္ ကၽြန္ေတာ့္အဖို႔
သူမအေရ႔ွမွာ အေနရအထိုင္ရေတာ့
အေတာ္ပင္ခက္ လြန္းလွသည္။
"ကၽြန္မတို႔အရိပ္ရမယ့္တစ္ေနရာရာကို
သြားၾကမယ္ေလကၽြန္မကိုရန္မင္းစိုးကို
ေျပာစရာစကားေတြအမ်ားႀကီးရိွတယ္"
ေျပာျပဖြင့္ဆိုဖို႔ခက္လြန္းလွေသာ မာယာမပါတဲ့ အဆိပ္မလူးေသာစကားေဝါဟာရေတြသာ
သူမႏႈတ္ခမ္းမွ ေျပာျပရင္ဖြင့္လာပါေစလို႔
ကၽြန္ေတာ္ဆုေတာင္းေနမိသည္ ။
ႏွင္းယုခိုင္နဲ႔ အခုလိုသြားေနရေသာ
တဒဂၤဆိုသည္မွာ ကၽြန္ေတာ့္အတြက္
အိုေအစစ္တစ္ခုပမာ ေနြးေထြးၾကည္ႏူးခဲ့ရသည္
ဆိုေပမယ့္ ဘာျဖစ္လာမွန္းမသိေသးေသာ
စကားမ်ားကိုေတာ့ ေဝဒနာတစ္ရပ္အျဖင့္
* ရင္ဘက္ထဲမွာ တဲြခ်ိတ္ဆင္ျမန္းေပးဖို႔
အမိန႔္တစ္ခု ၿမွားတစ္စင္းပမာ
ဒဏ္ရာေတာ့ မခ်န္ထားခဲ့လိုက္ပါနဲ႔ ...ႏွင္း
ကၽြန္ေတာ္ႀကိဳၿပီး ေတာင္းပန္ပါတယ္*
#### ##### #####
ဘုရားေပၚအတက္အဆင္းစက္ေလွကားေတြရိွတဲ့
ေစာင္းတန္းနေဘးခပ္လွမ္းလွမ္းဆီမွ
အုတ္ေလွကားအဆင့္ေတြထပ္မွာ ႏွင္းယုခိုင္နဲ႔ကၽြန္ေတာ္လက္ရမ္းဟိုဘက္ဒီဘက္ဆီမွ မ်က္ႏွာခ်င္းဆိုင္အေနအထားျဖင့္
ခပ္ခြါခြါထိုင္ျဖစ္ၾကသည္။
ခပ္လွမ္းလွမ္းဆီမွဘုရားရင္ျပင္ေပၚအတက္အဆင္းျပဳေနၾကေသာ လူမ်ားမွာလည္း
အရင္ေလာက္ေတာ့မမ်ားေတာ့ပဲ အနည္းငယ္
ႀကဲပါးသြားသည္ဟု ထင္မိပါသည္။
ေနေပ်ာက္လံုးဝမထိုးပဲ အရိပ္အာဝသ
ေကာင္းေအာင္ကၽြန္ေတာ္တို႔ႏွစ္ဦးရဲ့ ဦးေခါင္းအထက္အျမင့္ဆီမွာသရက္ပင္အိုႀကီးက ထီးထီးႀကီးအုပ္မိုးေပးထားခဲ့
ပါသည္။
"သူ႔..နာမည္က ထြန္းမင္းလတ္.. တဲ့ "
ႏွစ္ေယာက္သားတိတ္ဆိတ္ေနရာမွ
ပထမဆံုးအႀကိမ္ ႏွင္းယုခိုင္ရဲ့
ႏႈတ္ခမ္းပြင့္လႊာႏုႏုေလးဆီမွ ထြက္က်လာေသာ
ကၽြန္ေတာ္မသိသၫ့္ သူစိမ္းေယာက်္ားေလး
တစ္ဦးရဲ့ အမည္နာမတစ္ခု...
"အဲ့ေန့က..ကၽြန္မ ကိုရန္မင္းစိုး taxiနဲ႔မွ
တိုက္တိုက္ဆိုင္ဆိုင္ႄကံုရလိမ့္မယ္လို႔
မထင္ထားခဲ့မိဘူး..
ကၽြန္မစိတ္မေကာင္းပါဘူး အရမ္းလည္း
ဝမ္းနည္းသြားမိတယ္ ေတာင္းပန္ပါတယ္
ကိုရန္မင္းစိုး ကၽြန္မကိုရန္မင္းစိုးျမင္သလို
ထင္သလို မိန္းမမ်ိဳးေတာ့မဟုတ္ဘူးဆိုတာ
ကိုရန္မင္းစိုးကိုသိေစခ်င္လို႔ပါ"
ကၽြန္ေတာ္ေခါင္းေမာ့ကာ သရက္ပင္အိုႀကီးရဲ့
ရြက္ဝါေလးေတြ တဲြခိုေနေသာ
အကိုင္းအခက္မ်ားဆီ ေတြေတြေဝေဝ
ေငးစိုက္ၾကၫ့္ေနမိသည္။
ေငးၾကၫ့္ေနမိစဉ္အေတာအတြင္းမွာပဲ
လြမ္းေမာစြာႂကြေက်လာေသာ
သစ္ရြက္ဝါေလးတစ္ရြက္က ေလထဲမွာ
ခ်ာလည္လည္္္္ရင္း ေဝ့ဝဲစြာကၽြန္ေတာ့္နေဘးဆီသို႔ လာက်သည္။
ကၽြန္ေတာ္သစ္ရြက္ဝါေလးကို ရင္နင့္စြာ
ေကာက္ကိုင္လိုက္၏။
"ကၽြန္ေတာ္ ႏွင္းယုခိုင္ကို အဲသည္လို
မထင္ရက္ပါဘူး
အဲ့သည္လိုထင္ျမင္ယူစမႈမ်ိဳးနဲ႔ ႏွင္းယုခိုင္အေပၚ
ကၽြန္ေတာ္မစြပ္စဲြရက္ဘူးဆိုတာ ယံုပါ.. တစ္ေယာက္ေယာက္ရဲ့ ရင္ခြင္ထဲမွာ
ေပ်ာ္ပိုက္ေနတဲ့ မိန္းကေလးတစ္ေယာက္ဆီတိုင္းကို မေကာင္းဘူးလို႔
ေျပာႏိုင္ရေလာက္ေအာင္လည္း
ကၽြန္ေတာ္ႏွင္းယုခိုင္ရဲ့ ခ်စ္ျခင္းေမတၲာကို
ပိုင္ဆိုင္ခဲ့တာမဟုတ္ဘူးေလ
ဘာမွမျဖစ္လာႏိုင္္္္ေတာ့ဘူးလို႔
ျငင္းပယ္ခံလိုက္ရတဲ့
လူတစ္ေယာက္အတြက္
မေကာင္းဘူးေကာင္းတယ္
မႀကိဳက္ဘူးႀကိဳက္တယ္ဆိုတဲ့ ေျပာျပပိုင္ခြင့္မ်ိဳး
ႏွင္းယုခိုင္ဆီက ကၽြန္ေတာ္ထံမေပးခဲ့သလို
ကၽြန္ေတာ္လည္းရယူတားဆီး
အျပစ္ေျပာပိုင္ခြင့္မရိွခဲ့ပါဘူး
ကၽြန္ေတာ္တို႔ႏွစ္ေယာက္က
တြယ္တာမူမ်ိဳးအဆင့္ထိမေရာက္ခဲ့ရတဲ့
သူစိမ္းေတြပါ ႏွင္းယုခိုင္
ကၽြန္ေတာ့္မွာ ႏွင္းယုခိုင္အေပၚ သဝန္တိုပိုင္ခြင္
ခ်ဳပ္ခ်ယ္ပိုင္ခြင့္ဆိုတဲ့ စကားေဝါဟာရမ်ိဳး
မေျပာနဲ႔ စိတ္ကူးနဲ႔ေတာင္ ပိတ္ပင္ခြင့္မရိွခဲ့ပါဘူး ကၽြန္ေတာ္ကႏွင္းယုခိုင္အတြက္ အက်ဳံးမဝင္ပါဘူး"
ကၽြန္ေတာ့္စကားေၾကာင့္ ႏွင္းယုခိုင္
မ်က္ရည္က်သည္။
ကၽြန္ေတာ္လည္းမ်က္ရည္ဝဲရသည္ ။
"ကၽြန္မကိုႏွင္း..လို႔ ေခၚပါလား
ကိုရန္မင္းစိုးရယ္.."
မ်က္ရည္ေတြၾကားထဲမွ ေအးျမေသာ
ႏွင္းတစ္ပြင့္အျဖင့္ သူ႔ကိုသူကဗ်ည္းတပ္ဖို႔
ကၽြန္ေတာ့္ထံ ေတာင္းခံခြင့္ပန္ေနေသာ
မိန္းမလွေလးတစ္ေယာက္ ကၽြန္ေတာ့္ရဲ့
မ်က္ရည္စို႔လုလုရီေဝေဝမ်က္ဝန္းေတြက
တစ္ဆင့္သူမရဲ့မ်က္ႏွာျပင္ထက္မွ မ်က္ရည္ေတြကို ရင္ဆိုင္ပစ္လိုက္သည္။
"ေခၚဖို႔လိုေနေသးလို႔လားဗ်ာ..
သူမ်ားအျမတ္တႏိုးနဲ႔ေခၚခဲ့ၿပီးၿပီပဲ
ကၽြန္ေတာ္ဒုတိယအႀကိမ္ထပ္ေခၚဖို႔
ဒုတိယအႀကိမ္ ထပ္ရင္နာရအံုးမွာတဲ့လား "
သူမဆီမွနင့္..ခနဲ ငိုရိႈက္သံေလးတစ္ခုကို
ကၽြန္ေတာ့္ႏွလံုးသားနဲ႔ နီးကပ္စြာၾကားလိုက္ရသည္။
အခုမွ ကၽြန္ေတာ္တကယ္ရင္နာသြားရသည္။
" ေျပာပါ ကိုရန္မင္းစိုးရယ္"
ႏွင္းယုခိုင္ရဲ့မ်က္ႏွာေလး ကၽြန္ေတာ္ရိွေသာ
ဘက္ဆီမွ တျခားဘက္သို႔လွၫ့္သြားသည္
ဆံႏြယ္ေတြအုပ္မိုးထားေသာ သူမရဲ့ေက်ာျပင္ဆီေငးေမာလ်က္ကၽြန္ေတာ္စိတ္မေကာင္းျဖစ္ရသည္။
ကၽြန္ေတာ့္ေရ႔ွမွာ မ်က္ႏွာကြယ္လ်က္
တစ္ဖက္လွၫ့္ၿပီး မ်က္ရည္သုတ္ေနရေသာ
ခ်စ္မိသူတစ္ေယာက္ကို ျမင္ေနရေသာ
ႏွလံုးသားတစ္စံုရဲ့ နက္နက္ရိႈင္းရိႈင္းနာက်င္ခံရခက္မူမ်ိဳး ဘယ္လိုငရဲမွ အခုေလာက္
မပူပါေတာ့ဘူး..ႏွင္း..ရယ္ ။
* ေျပာျပရင္ဖြင့္ဖို႔စကား
လံုးေတြမရိွသလို ေျပာျပေပါက္ကဲြဖို႔
အေၾကာင္းအရာေတြကလည္းခိုင္လံုေသာ
ဆံုဆည္းမူေတြက က်ဉ္းေျမာင္းလြန္းလွသျဖင့္
ခံရသူတစ္စံုတစ္ေယာက္ရဲ့မ်က္ရည္ေတြကို
သိသိႀကီးနဲ႔ ငို..ခ်င္သလို ငိုခိုင္းဖို႔
မတိုက္တြန္းရက္ေတာ့ပါဘူး ကၽြန္ေတာ္
ပါေရာ ငိုမိေတာမယ္..ႏွင္း..*
အခန္း..၄ဆက္ရန္..
စာေရးသူ..ေနမီး
##### ###### ##

Comments
Post a Comment